Yuki Michiko Nail Art Academy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yuki Michiko Nail Art Academy, Nail Artist, အမှတ်-48၊မိုးသောက်ပန်းလမ်း၊စုပေါင်းအိမ်ယာ၊၁ထူပါရုံ၊သာကေတ, Yangon.
06/08/2026
Yuki Michiko Nail Art Academy သင်တန်းကျောင်းလေးမှ ၈လိုင်းအတွက်သင်တန်းအပ်လက်ခံနေပါပြီ🥰 သင်တန်းကျောင်းမှ အထူးအစီအစဉ်အနေနဲ့အရေပြားအထူးကုဆရာဝန်ကြီးနဲ့Nail Disorders and Diseasesအကြောင်းတွေကို၃ရက်တိတိသင်ကြားဆွေးနွေးလေ့လာခွင့်ရမှာဖြစ်ပါတယ်ရှင့်၊Toolsများမှတဆင့် ကူးဆက်လွယ်သောရောဂါများ၊အရေပြားမှိုများအကြောင်း၊Gel မှာပါဝင်သည့်Chemicalများအကြောင်းနဲ့ ရောဂါမကူးဆက်နိုင်အောင် ဆောင်ရန်၊ရှောင်ရန်များကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာပါရှင့်၊Nail Design ဆွဲတတ်တာနဲ့ Nail Artist တစ်ယောက်မဖြစ်နိုင်ပါဘူး၊Nail Artist တစ်ယောက် သိထားသင့်သည့် Customer Serviceအကြောင်း ၊Nailနဲ့ပတ်သက်တဲ့ အသိပညာတွေအားလုံးကို သိထားသင့်ပါတယ်၊သင်တန်းအကြောင်းလေး အသေးစိတ်သိရှိလိုပါကcb(or)09428456678(Viber)ကိုအသေးစိတ်ဆက်သွယ် စုံစမ်းလို့ရပါတယ်ရှင့်🥰🥰(သင်တန်းသူအများကြီးလက်မခံပါဘူးရှင့်🥰၊သင်တန်းသူအရေအတွက်လဲကန့်သတ်ထားလို့ သင်တန်းလေးအပ်မယ်ဆိုရင်တော့ အမြန်ဆက်သွယ်အပ်နှံလိုက်ပါနော်)🥰
24/07/2026
Yuki Michiko Nail Art Academy #လက်သည်းသင်တန်း #
23/07/2026
Nail Art လောကနဲ့ပတ်သက်ပြီး တဖြေးဖြေးအယူအဆ လမ်းကြောင်းလေးတွေလွဲမှားလာတယ်လို့ မြင်လာလို့ ဒီစာလေးကိုရေးဖြစ်ခဲ့တာပါ။ကျွန်မပြောတာ အမှားများရှိလဲနားလည်ပေးဖို့ အရင်တောင်းဆိုပါတယ်၊၊
1.Nail Artist တစ်ယောက်ဟာNail Design တွေဆွဲတတ်နိုင်ဖို့
ထပ်Nail Disorders and Disease နဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေ၊ကူးဆက်နိုင်တဲ့ အရေပြားမှိုရောဂါ
အကြောင်းတွေ ၊Toolsတွေကိုသေချာပိုးမသတ်တဲ့အခါ၊သွေးထိထားတဲ့ Tools တွေကနေကူးတဆင့်ကူးဆက်နိုင်တဲ့ ကြောက်ဖို့အရမ်းကောင်းတဲ့ ရောဂါတွေအကြောင်း၊Toolsတွေကို နည်းစနစ်မှန်မှန်နဲ့ပိုးသတ်နည်းတွေ..စတာတွေကို သေချာသိထား၊တတ်ထားသင့်ပါတယ်။Tools တွေကို customerတစ်ယောက် အသုံးပြုပြီးတိုင်း ပိုးသတ်တဲ့အဆင့်တစ်ခုစီတိုင်းသေချာပိုးသတ်ပြီးမှ နောက်တစ်ယောက်ကိုသုံးသင့်ပါတယ်၊အားလုံးစုပြုံပြီးဆိုင်ပိတ်မှ ပိုးသတ်တာလဲ နည်းလမ်းအမှားတွေပါ။ခုနောက်ပိုင်း Nail Salon အများစုကနေ ရောဂါတွေကူးဖို့ အခွင့်အလမ်းအများဆံုးနေရာတွေဖြစ်လာပါပြီ၊ဆိုင်ပိုင်ရှင်တွေရော ဆိုင်ဝန်ထမ်းNail Artist တွေရော ဒီလို ကူးဆက်နိုင်တဲ့ အရာတွေကို စနစ်တကျ တားဆီးပေးဖို့အတွက်အသိပညာလေးတွေတကယ်လိုအပ်နေပါပြီ။
2.နောက်တစ်ခုက ပြည်တွင်း၊ပြည်ပမှာ Nail Artist အနေနဲ့ရပ်တည်မည့် သူများကို အကြံလေးပေးချင်ပါတယ်။Gel One Color,Gel Extensions,Gel Overlay ,Nails shape,Gel Remover , electric filesသုံးနည်းတွေကို အချိန်မြန်မြန်နဲ့ မှန်မှန် သေချာသေသပ်တိကျစွာဆိုးနိုင်အောင်လက်တွေ့များများကျင့်ပါ၊Cuticle cleaning ပိုင်း သေသပ်မြန်ဆန်သန့်ရှင်းစွာ လုပ်နိုင်ရပါမယ်၊Design ပိုင်းကိုအခြေခံ သဘောတရားအနေနဲ့ကျွမ်းကျင်အောင်ကျင့်ထားနိုင်ရင် လက်တွေ့များများလေ့ကျင့်ထားရင် ကျွမ်းကျင်တဲ့Nail Artist တစ်ယောက်ဖြစ်လာမှာပါ။အခြေခံသေချာမပိုင်ပဲ Nail Art တွေနောက်ပဲလိုက်နေရင် လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါ၊နိုင်ငံခြားမှာ အလုပ်ဝင်တဲ့အခါတဲ့အခါအခက်တွေ့စေနိုင်ပါတယ်။လက်တွေ့မှာCustomer တွေကများသောအားဖြင့်ရိုးရှင်းတဲ့Nail Design တွေပဲအလုပ်များပါတယ်။ခုဆိုNail Artist အများစုဟာ Customerကို service ပေးတဲ့အခါ ကိုယ်တိုင်သန့်ရှင်းအောင်နေရမယ်၊ရောဂါတွေမကူးအောင်ကိုယ်တိုင်ကာကွယ်ရမယ်၊Maskတပ်ရမယ်၊Apron ဝတ်ရမယ်..စတဲ့ အခြေခံသိရမယ့်အရာတွေကိုတောင်မသိတဲ့သူတွေများလာပါပြီ။Nail သင်တန်းကျောင်းတွေမှာလဲ Nail Design တွေထပ် တကယ်လိုအပ်တဲ့ Nailနဲ့ပတ်သက်တဲ့ကျန်းမာရေး ဗဟုသုတတွေ၊Tools တွေကို သေချာပိုးသတ်ရမယ့်နည်းတွေ၊ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်းကိုပါ စနစ်တကျသေချာသင်ကြားပေးဖို့လိုအပ်လာပါပြီ။Nail Salon တွေက တဆင့်ကူးဆက်နိုင်တဲ့ ရောဂါတွေကို ထိန်းသိမ်းနိုင်ဖို့ ကျန်းမာရေးအသိပေးလေးကို Nail Artist တွေအားလုံး လေ့လာသိရှိနိုင်ကြပါစေ။ 🇲🇲🇲🇲2023
22/07/2026
အရမ်းတော်တဲ့တပည့်လေးရဲ့ လက်ရာစစ်စစ်လေးပါ🥰
Hello..Hello ..အသစ်အသစ်သောNail Artပညာလေးတွေနဲ့အတူ Yuki Michiko Nail Art Academy သင်တန်းကျောင်းလေးကို ၈လပိုင်းမှာ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်..၊Nail Design ဆွဲတတ်တာနဲ့ Nail Artist တစ်ယောက်မဖြစ်နိုင်ပါဘူး၊Nailနဲ့ပတ်သက်တဲ့ အခြေခံပညာတွေ၊အသိပညာတွေအားလုံးကို အကောင်းဆုံးမမျှဝေသင်ကြားပေးဖို့အတွက် ပညာရပ်အသစ်လေးတွေကိုအကောင်းဆုံးကြိုးပြီး စာအုပ်လေးပါ ထုတ်ပေးထားပါတယ်၊သင်တန်းလေးအပ်နှံလိုပါကcb(or)09428456678ကိုအသေးစိတ်ဆက်သွယ် စုံစမ်းလို့ရပါတယ်ရှင့်🥰🥰
ရန်ကုန်/ တက္ကသိုလ်ရိပ်သာလမ်း သစ်တွင် ၇ လပိုင်း ဖွင့်မည့်ဆိုင်သစ်အတွက် 📢📢📢
ဝန်ထမ်းများအမြန်အလိုရှိသည်
1. Senior Nail Artist Female ( 2 ) Post
✅ Nail ပိုင်းဆိုင်ရာ ဘာသာစုံ ကျွမ်းကျင်ရပါမည်။
Extensions/ Overlay ကျွမ်းကျင်ရမည် ။
Update Nail Design များ ပိုင်နိုင်ရမည်။
လုပ်သက် အနည်းဆုံး 2 နှစ်အထက်ရှိရပါမည်။
လစာ : 300,000 - 400,000 + (10 - 15 )%
By name + 5 %
Junior nail artist များနှင့်ညှိနှိုင်း၍ သင်ပြစရာလိုသောအပိုင်းများကို သင်ပေးရမည် ။
2. Junior Nail Artist Female ( 2 ) Post
✅ သင်တန်းဆင်းများလဲ လျှောက်ထားနိုင်သည်။
Cleaning, Foot Spa, Waxing, Gel One Colour ပိုင်နိုင်ရမည်။
လစာ : 200,000 - 300,000 ks + 10%
By name 5 %
3. Shampooing Female (1) Post
✅ နှိပ်လျှော်ပိုင်း ပိုင်နိုင်ကျွမ်းကျင်ရပါမည်။
Blowdry ပိုင်နိုင်ရမည်။ ( waxing service ပါပိုင်နိုင်ပါက % ထပ်တိုးပေးမည် )
လစာ : 180,000 - 250,000 ks + 10%
4. Apprentice Female ( 2 ) Post (အလုပ်သင်)
✅ သင်လိုလိုစိတ်ရှိသူ ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
လစာ: 100,000 - 150,000 ks
One color / cleansing ပိုင်နိုင်သွား၍ဧည့်သည် စကိုင်ရတာနှင့် % တန်းရမည် ။
🎉 ရရှိမည့် ခံစားခွင့်များ
• Commission: ( 10% - 15%)
• နေရာ , ဆန်ပေး , ဟင်းစီစဉ်ပေး
• WiFi , ရက်မှန်ကြေး နှင့် လစဉ် Target Bonus များ
• တစ်လလျှင် ၃ ရက် နားရက်ပေးပါမည်။
• လှပသေသပ်သော Uniform
✅ အလုပ်အတွက်လိုအပ်ချက်
• အလုပ်ချိန် 🕰️ မနက် 9:00 AM မှ ည 9:00 PM အလုပ်အပေါ် စိတ်ပါဝင်စားမှုရှိပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
• တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပြီး ဧည့်သည်အပေါ် ယဉ်ကျေးပျူငှာသူဖြစ်ရမည်။
ဆိုင်မှ စည်းကမ်းများအားလိုက်နာ၍ ဝန်ထမ်း အချင်းချင်း ရိုင်းပင်းကူညီရမည် ။
မနက်သွား / ညပြန် လျှောက်ထားနိုင်သည် ( ကားခတစ်လစာပေးသည် )
📩 လျှောက်ထားရန်:
စိတ်ပါဝင်စားပါက မိမိ၏ CV Form အား အောက်ပါ Viber ဖုန်းနံပါတ်သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ ဆိုင်ရှင်တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ပါသည်။
09777766007
အလှအပရေးရာနှင့် Professional Nail Art & Wellness Spa လောကသို့ ခြေလှမ်းစတင်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ။ ကျွန်ုပ်တို့၏ Luxury Service များတွင် အတူတကွ ပူးပေါင်းပါဝင်ရန် အလုပ်သင်ဝန်ထမ်း (၁၁ ဦး) ကို ခေါ်ယူလိုပါသည်။
💅 1. Nail Artist Apprentice (၅ ဦး)
Nail Art ကို ဝါသနာပါပြီး အနုပညာဆန်ဆန် ဖန်တီးလိုသူများအတွက် အခြေခံမှ Advanced Designs များအထိ စနစ်တကျ လက်တွေ့သင်ကြားပေးသွားမည် ဖြစ်ပါသည်။
✨ 2. Spa & Wellness Apprentice ( ၆ ဦး)
Body Massage, Oil Massage နှင့် Body Spa ပိုင်းကို စိတ်ဝင်စားပြီး Professional Therapist တစ်ဦးအဖြစ် ရပ်တည်လိုသူများအတွက် အခြေခံမှစ၍ ကျွမ်းကျင်စွာ သင်ကြားပေးပါမည်။
📋 လိုအပ်ချက်များ (Requirements)
• Age: အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း။
• Education: အခြေခံပညာ အထက်တန်းအဆင့် (သို့မဟုတ်) ထိုထက်အထက်။
• Passion: အလှအပနှင့် ဝန်ဆောင်မှုလုပ်ငန်းကို တကယ်ဝါသနာပါသူ ဖြစ်ရမည်။
• Attitude: သင်ယူလိုစိတ်ရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် အသင်းအဖွဲ့အတွင်း လိုက်လျောညီထွေရှိခြင်း။
• Professionalism: အချိန်တိကျ၍ တာဝန်ယူမှုရှိပြီး Customer များအား ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးနိုင်သူ ဖြစ်ရမည်။
🎁 ခံစားခွင့်နှင့် အကျိုးကျေးဇူးများ
• Starting Salary: 150,000 MMK (ကြိုးစားမှုအပေါ် မူတည်၍ တိုးပေးမည်)
• Incentive: အလုပ်သင်ကာလပြီးမြောက်၍ ဝန်ဆောင်မှုစတင်ပေးသည်နှင့် Nail (12%) / Spa (15%) ခံစားခွင့်။
• Benefits: နေစရိတ်၊ စားစရိတ် ငြိမ်း။
• Contract: (၆) လ စာချုပ်ဖြင့် စနစ်တကျ လုပ်ကိုင်ခွင့်။
📩 လျှောက်ထားရန် (Apply Now)
မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
🏢Address : အမှတ် (၅) ၊ သုခမိန်လမ်း ၊ ပထမထပ်၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့။
🕒 Time : နေ့လည် ၂ နာရီမှ ၅နာရီခွဲ အထိ။ weekday ( Monday to Friday)
📞 phone : 09429162664 ,09428456678သို့ ဆက်သွယ် မေးမြန်း၍ရပါသည်။
Email : [email protected]
"သင့်ရဲ့ အနုပညာလက်ရာတွေနဲ့အတူ Luxury Wellness ခရီးစဉ်ကို ကျွန်ုပ်တို့နဲ့အတူ စတင်လိုက်ပါ”
ယခု အသစ်ဖွင့်မယ့် Luxary nail & Spa
ဆိုင်လေးအတွက် Nail Artist & Spa အလုပ်သင် (11ဦး)အလိုရှိပါသည်။
💕Nail Art ကို ဝါသနာပါတဲ့ Nail Artist
အလုပ်သင်(၆ဦး)အလိုရှိပါသည်💅✨💕
🖤Nail Art လောကထဲကို ခြေလှမ်းစချင်တယ်၊
အခြေခံကနေ စနစ်တကျ သင်ယူပြီး အသက်မွေး
ဝမ်းကြောင်း ပြုချင်တယ်ဆိုရင်ဒါဟာသင့်
အတွက် အခွင့်အရေးပါပဲ။
🖤အလှအပနှင့် Nail Art ကို တကယ်
ဝါသနာပါသူ ဖြစ်ရမည်။
🖤 စိတ်ရှည်သည်းခံပြီး သင်ယူလိုစိတ်
ရှိသူဖြစ်ရမည်။
🖤အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်
နိုင်သူ ဖြစ်ရမည်။
🖤အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း
ဖြစ်ရမည်။
🖤ပညာအရည်အချင်း အနည်းဆုံး
အခြေခံပညာ အထက်တန်းအဆင့်
ရှိရမည်။
🖤အချိန်မှန်ကန်ပြီး အလုပ်အပေါ်
တာဝန်ယူမှု ရှိရမည်။
🖤Customer များအားယဉ်ကျေးပျူငှာစွာ
ဆက်ဆံနိုင်ပြီး ဝန်ဆောင်မှုပေးလိုစိတ်
ရှိရမည်။
🖤Nail Artပညာကို အခြေခံမှစ၍
Advanced Design များအထိ
လက်တွေ့သင်ကြားပေးခြင်း။
🖤 ကြိုးစားမှု့ပေါ် မူတည်၍
ထောက်ပံ့ကြေး (သို့)လစာခံစားခွင့်တိုးပေးမည်။
အခြေခံလစာ-180000၊10%(အလုပ်သင်ကာလ
ပြီး customer စဝင်တာနဲ့ရပါမည်)၊နေ/စား/ငြိမ်း၊(၆လစာချုပ်)၊
💕Body Massage,Oil Massage,Body Spa
အတွက်အလုပ်သင်ဝန်ထမ်း(၅ဦး)အလိုရှိပါသည်။💕
🖤Spa & Massage နဲ့ ပတ်သက်ပြီး အခြေခံမှ
သင်ပေးပါမည်။
🖤စိတ်ရှည်သည်းခံပြီး သင်ယူလိုစိတ်
ရှိသူဖြစ်ရမည်။
🖤အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်
နိုင်သူ ဖြစ်ရမည်။
🖤အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း
ဖြစ်ရမည်။
🖤ပညာအရည်အချင်း အနည်းဆုံး
အခြေခံပညာ အထက်တန်းအဆင့်
ရှိရမည်။
🖤အချိန်မှန်ကန်ပြီး အလုပ်အပေါ်
တာဝန်ယူမှု ရှိရမည်။
🖤Customer များအားယဉ်ကျေးပျူငှာစွာ
ဆက်ဆံနိုင်ပြီး ဝန်ဆောင်မှုပေးလိုစိတ်
ရှိရမည်။
🖤ကြိုးစားမှု့အပေါ် မူတည်၍
ထောက်ပံ့ကြေး (သို့) လစာခံစားခွင့်တိုး
ပေးပါမည်။
အခြေခံလစာ-180000၊20%(အလုပ်သင်ကာလပြီး customer စဝင်တာနဲ့ရပါမည်)၊နေ/စား/ငြိမ်း၊(၆လစာချုပ်)၊
📩အလုပ်အတွက် အသေးစိတ်သိရှိလိုပါက
ဖုန်း-09652555686,09428456678(Viber)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ #
ယခု အသစ်ဖွင့်မယ့် Luxary nail
ဆိုင်လေးအတွက် အလုပ်သင် Nail Artist လေးများအလိုရှိပါသည်။
Nail Art ကို ဝါသနာပါတဲ့ Nail Artist အလုပ်သင်လေးများ အလိုရှိပါသည်💅✨
Nail Art လောကထဲကို ခြေလှမ်းစချင်တယ်၊ အခြေခံကနေ စနစ်တကျ သင်ယူပြီး
အသက်မွေးဝမ်းကြောင်း ပြုချင်တယ်ဆိုရင် ဒါဟာ သင့်အတွက် အခွင့်အရေးပါပဲ။
✨ ဘာတွေလိုအပ်မလဲ?
• အလှအပနှင့် Nail Art ကို တကယ်
ဝါသနာပါသူ ဖြစ်ရမည်။
• စိတ်ရှည်သည်းခံပြီး သင်ယူလိုစိတ်
ပြင်းပြသူဖြစ်ရမည်။
• အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်
နိုင်သူ ဖြစ်ရမည်။ အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း
ဖြစ်ရမည်။ပညာအရည်အချင်း အနည်းဆုံး
အခြေခံပညာ အထက်တန်းအဆင့်
ရှိရမည်။အချိန်မှန်ကန်ပြီး အလုပ်အပေါ်
တာဝန်ယူမှု ရှိရမည်။
🎁 ဘာတွေ ပြန်ရမလဲ?
• Nail Artပညာကို အခြေခံမှစ၍
Advanced Design များအထိ
လက်တွေ့သင်ကြားပေးခြင်း။
• ကျွမ်းကျင်မှုအပေါ် မူတည်၍
ထောက်ပံ့ကြေး (သို့) လစာ ခံစားခွင့်။
အခြေခံလစာ-180000၊10%(အလုပ်သင်ကာလပြီး customer စဝင်တာနဲ့ရပါမည်)၊နေ/စား/ငြိမ်း၊
(၆လစာချုပ်)၊
📩အလုပ်အတွက် အသေးစိတ်သိရှိလိုပါက
ဖုန်း-09652555686,09428456678(Viber)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
21/04/2026
5လပိုင်းအတွက် Basic Nail Art Class
Nailနဲ့ပတ်သက်ပြီး အသုံးပြရမည့် အခြေခံပစ္စည်းလေးတွေ အကြောင်း
Nailနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ shape သွင်းနည်းများအကြောင်း
Nailနဲ့ပတ်သက်ပြီး အခြေခံတိတိကျကျ အချိန်မြန်မြန် မှန်မှန်ကန်ကန်နဲ့သေသေသပ်သပ် လက်သည်းပေါ်တွင်ဆိုးပုံ
ဆိုးနည်း
စသည့်..Nail နဲ့ပတ်သက်သည့် Basic ပညာရပ်လေးကို Online class အနေနဲ့ဖွင့်ပေးမှာဖြစ်ပါတယ်…
သင်တန်းကြေး-၁၀၀၀၀၀ကျပ်တိတိဖြင့်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်ရှင့်
(သင်တန်းသူအရေအတွက်ကန့်သတ်ထားပါလို့ သင်တန်းလေးကိုအမြန်အပ်ထား
လိုက်တော့နော်)
သင်တန်းအကြောင်းအသေးစိတ် သိရှိလိုပါက cb(or)09652555686,09428456678(Viber မှာအသေးစိတ်မေးမြန်းလို့ရပါပြီရှင့်)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon