Sandra-စန္ဒြာ Clinic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sandra-စန္ဒြာ Clinic, Health/Beauty, 109 (4th Floor), Baho Road, 3rd Ward, Kamaryut, Kamayut.
-ကျန်းမာသော ဘဝနေထိုင်မှု အတွက်
💚”Sandra-စန္ဒြာ ဆေးခန်း”💚
- တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည် -
ဆေးခန်းဖွင့်ချိန် - မနက် (၁၁) နာရီ မှ ည (၇) နာရီ
☎️09965169100 , 09443544426☎️
26/08/2026
ခုလတ်တလောကာလမှာ ဝမ်းပျက်ဝမ်းလျှောတွေအဖြစ်များနေကြလို့ လူကြီးတွေတင်မကဘဲ ကိုယ့်အိမ်မှာ ကလေးသူငယ်ရှိနေပြီဆိုရင် ပိုပြီးတောင်ဂရုစိုက်သင့်ပါတယ် ။
ဝမ်းသွားနေတဲ့ရက်ပိုင်းတွေမှာ အဓိက အန္တရယ်အရှိဆုံးကတော့ ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်တာကြောင့် ဝမ်းသွားလို့ ကုန်ခမ်းသွားတဲ့ ရေဓာတ်နဲ့ ခွန်အားတွေကို ရိုးရိုးရေထက် ဓာတ်ဆားရည်က မြန်မြန်ဆန်ဆန်နဲ့ အထိရောက်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ် ။
လူကြီးတွေဖြစ်ရင် ကိုယ်တိုင်ဂရုစိုက်တာ ၊ ဆေးခန်းသွားပြတာတွေလုပ်လို့ရပေမယ့် ကလေးငယ်တွေအနေနဲ့ မပြောတတ်မဆိုတတ်နဲ့ လူကြီးတွေ ၊ မိဘတွေက ဂရုစိုက်စောင့်ကြည့်ပေးရမယ့် အနေအထားတွေဖြစ်တာကြောင့် ကလေးငယ်တွေအနေနဲ့ ဆရာဝန်ထံ ချက်ချင်းသွားပြဖို့ခက်ခဲတဲ့ ညရေးညတာ အချိန်မျိုးတွေမှာ ဝမ်းသွားတဲ့ကိစ္စရပ်တွေနဲ့ကြုံလာခဲ့ရင် ဓာတ်ဆားရည်ကို အချိုးကျကျမှန်ကန်အောင် ဘယ်လိုတိုက်ရမလဲဆိုတာ ဒီ Post လေးကနေတဆင့် Sharing လုပ်ပေးချင်ပါတယ် ။
ဒီအချက်တွေကတော့လုံးဝမလုပ်သင့်ပါဘူး ။
(၁) ဓာတ်ဆားရည်ကို ကလေးတွေသောက်ချင်အောင် အချိုရည် ၊ နွားနို့တွေနဲ့ရောဖျောခြင်း ။
(၂ ) ဓာတ်ဆားတစ်ထုတ်လုံးကို မဖျော်ဘဲ အမှုန့်ကို တစ်ဝက်ခွဲဖျော်ခြင်း ။
(၃ ) ရေနည်းနည်းဖြင့် အပြစ်ကြီးဖျော်ခြင်း ။
(၄ ) ဖျော်ပြီးသားဓာတ်ဆားရည်များကို (၂၄) နာရီကျော်တဲ့အထိထားခြင်း စတဲ့လုပ်ရပ်မျိုးတွေက ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်ကိုထိခိုက်စေနိုင်ပါတယ် ။
ဒါဆိုရင် မှန်ကန်စွာဘယ်လိုတိုက်ရမလဲ ?
🔹 ဓာတ်ဆားထုတ်ပေါ်တွင် ရေးသားထားသော ရေပမာဏအတိုင်း တိတိကျကျဖျော်စပ်ပေးပါ ။
🔹 ရေနွေးပူပူ လုံးဝ မသုံးဘဲ ရိုးရိုးရေ ( ရေကျက်အေး ) ဖြင့်သာဖျော်ပေးပါ ။
🔹 ကလေးကို တစ်ခါတည်း အများကြီး အတင်းမတိုက်ခြင်းမျိုးရှောင်ကြဉ်ပါ ။
🔹 (၅) မိနစ် ဒါမှမဟုတ် (၁၀ )မိနစ် ခြားတစ်ခါ ဟင်းခပ်ဇွန်း တစ်ဇွန်း (သို့) နှစ်ဇွန်းခန့် နည်းနည်းချင်း စိတ်ရှည်လက်ရှည် တိုက်ကျွေးပေးပါ ။
🔹 မိခင်နို့တိုက်နေသော ကလေးဖြစ်ပါက နို့ဖြတ်ထားတာမျိုးမလုပ်ဘဲ မိခင်နို့ကို ပုံမှန်ထက်ပိုတိုက်ပေးပါ။
🔹 ဝမ်းသွားရုံတင်မကဘဲ အန်နေတာမျိုးပါဖြစ်နေပြီဆိုရင်တော့ ဓာတ်ဆားရည်ဆက်တိုက်တာကို (၁၀) မိနစ်လောက်နားထားပြီးမှ ဇွန်းနဲ့ အနည်းငယ်စီပြန်တိုက်ပေးပါ ။
🔹ဝမ်းသွားရင်း ကိုယ်ပူနေလျှင် ရေပတ်တိုက်ပေးခြင်း၊ ကလေးကိုယ်ပူကျဆေး (Paracetamol အရည်) ကို အသက်အရွယ်/ကိုယ်အလေးချိန်အလိုက် တိုက်ကျွေးထားခြင်းများ ပြုလုပ်နိုင်ပါတယ် ။
တကယ်လို့ ကလေးငယ်က အရမ်းမှိန်းနေခြင်း ၊ ဝမ်းထဲမှာသွေးများပါလာခြင်း ၊ ဓာတ်ဆားရည်လုံးဝ မသောက်နိုင်တော့ဘဲ ဝင်သမျှပြန်အန်ထွက်နေခြင်း စတဲ့ လက္ခဏာတွေပြနေပြီဆိုရင်တော့ ညတွင်းချင်း နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသရန်လိုအပ်နေပါပြီရှင် ။
Sandra-စန္ဒြာ Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺️📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
25/08/2026
ကျန်းမာရေးအရ နေ့စဉ်ရေများများသောက်ဖို့လိုအပ်တာကို တော်တော်များများသိထားကြပေမယ့် အလုပ်များလို့ ၊ မအားလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ အစာစားမှရေသောက်ဖြစ်တာ ၊ ရေဆာမှရေသောက်ဖြစ်တာမျိူးတွေရှိကြပါတယ် ။
ဒီလို ခန္ဓာကိုယ်ကရေဓာတ်ပြည့်ဝစွာမရရှိတဲ့လုပ်ရပ်မျိုးက ကြာလာတဲ့အခါ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေရှိလာနိုင်တာကြောင့် ရေအဆမတန်သောက်တိုင်းလည်းမကောင်းသလို ၊ ရေဆာမှရေသောက်တာမျိုးလည်းမဟုတ်ဘဲ ...
🔹ညဘက်ကဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးပြီး အစာဟောင်းအိမ်ကို သန့်စင်ပေးနိုင်အောင် မနက်အိပ်ယာနိုးနိုးချင်းရေတစ်ခွက်မဖြစ်မနေသောက်ပေးပါ ။
🔹ညဘက်မအိပ်မီ ရေအများကြီးသောက်ပါက ညဘက် ဆီးခဏခဏထသွားရတာကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက် အိပ်ယာဝင်ခါနီးရေအများကြီးမသောက်ပါစေနဲ့ ။
🔹ရာသီဥတု ပူပြင်းတဲ့အခါ ရေခဲရေ သို့မဟုတ် ရေအေးလွန်းတာတွေကို ချက်ချင်းသောက်တာမျိုးကိုရှောင်ကြဉ်ပါ ။
🔹အားကစားလုပ်ထားတာမျိုး ၊ အပြင်ကအမောတကြီးပြန်လာတဲ့အခါမျိုးတွေမှာ ရေကိုအလောတကြီးချက်ချင်းသောက်တာမျိုးရှောင်ကြဉ်ပါ ။
🔹ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ၂ လီတာမှ ၃ လီတာ (ရေဖန်ခွက် ၈ ခွက်ခန့်) သောက်ပေးဖို့ လိုအပ်ပေမယ့် မိမိရဲ့ ခန္ဓာကိုယ်အလေးချိန်၊ လှုပ်ရှားမှုနဲ့ ရာသီဥတုပေါ်မူတည်ပြီး မျှတစွာ သောက်သုံးပေးဖို့ကလည်း အရေးကြီးတာကြောင့် တစ်နေ့ကို ရေဘယ်နှလီတာလောက်သောက်ဖြစ်ကြလဲဆိုတာ Comment မှာမန့်ခဲ့ပေးကြဦးနော် ။
Sandra Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
25/08/2026
🔹မနက်ခင်း အလုပ်နောက်ကျမှာဆိုးလို့ မနက်စာမစားဖြစ်တာ
🔹နေ့လည်ဘက်တွေကိုလည်း ကော်ဖီ ၊ အအေးလောက်နဲ့ပဲဖြေရှင်းလိုက်တာမျိုး
🔹ညဘက်ရောက်တော့လည်း အပူအစပ်တွေအရမ်းစား ၊ သန်းခေါင်လောက်မှထပြီး Ready Made Food တွေ ထစားနဲ့ ဒီလို စားသောက်မှုပုံစံတွေနဲ့ပဲ နေ့စဉ်ဖြတ်သန်းနေထိုင်မိနေပြီလား ..?
ဒါဆိုရင်တော့ အစာအိမ်ရောဂါက အချိန်မရွေးဒုက္ခပေးလာနိုင်ပါတယ် ။
တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ်တွေကို မနက်စာကနေ အများဆုံးရရှိနိုင်တာဖြစ်လို့ အာဟာရချို့တဲ့မှုဖြစ်ပြီး ကိုယ်ခံအားစနစ် ကျဆင်းကာ အလွယ်တကူ ဖျားနာတာမျိုးမဖြစ်အောင် မနက်စာကိုတော့ နေ့စဉ်မဖြစ်မနေပုံမှန်စားသုံးပေးပါ ။
ကဖိန်းဓာတ်နဲ့ ကာဗွန်ဟိုက်ဒရိတ် ပါဝင်တဲ့ အရည်တွေက အစာအိမ်အက်စစ်ထွက်တာကို များစေနိုင်တဲ့အပြင် အပူအစပ်တွေစားလွန်းတာကလည်း အစာအိမ်နံရံကို ထိခိုက်စေနိုင်တာကြောင့် ဒီအရာတွေကိုစားသုံးမယ်ဆိုရင်တန်ဆေးလွန်ဘေးဆိုသလို ချင့်ချိန်စားသုံးပေးသင့်ပါတယ် ။
အစားစားတဲ့အခါမှာလည်း အလုပ်တစ်ဖက်နဲ့ အလျင်အမြန်စားသောက်တာမျိုးမဟုတ်ဘဲ အစာအိမ်ရဲ့ အလုပ်လုပ်ရမှုကို သက်သာစေအောင် သေချာကျေညက်အောင်ဝါးစားပေးသင့်ကြောင်းလည်း တခါတည်းသတိပေးလိုက်ပါတယ်ရှင် ။
နောက်ထပ်အစာအိမ်ကို ဆိုးရွားစေနိုင်တဲ့အချက်ကတော့ စိတ်ဖိစီးမှုပါပဲ ။ စိတ်ဖိစီးလာတဲ့အခါ မစားနိုင်မသောက်နိုင်ဖြစ်လာတာ ၊ အစာကို အဖြစ်သဘောလောက်ပဲ စားလိုက်တာမျိုးတွေကြောင့် ဒီခြေအနေမျိုးတွေ ရှည်ကြာလာတဲ့အခါ အစာအိမ်ကိုထိခိုက်လာစေနိုင်ပါတယ် ။
ရောဂါတစ်ခုဖြစ်လာပြီဆိုရင် အလုပ်အကိုင်ပျက်ပြီးငွေကြေးကုန်ကျမှုတွေလည်းရှိလာနိုင်တာကြောင့် နေ့စဉ်ဘဝမှာ စားသောက်နေထိုင်မှုပုံစံတွေမှားယွင်းနေပြီဆိုရင် ဒီနေ့ကစတင်ပြီး ပြောင်းလဲလိုက်ပါနော် ။
Sandra Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
23/08/2026
အသက်အရွယ် ကိန်းဂဏန်းတွေ တိုးလာပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ အမြဲတမ်း နုပျိုလန်းဆန်းနေဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။
ရုပ်ပိုင်းဆိုင်ရာနုပျိုဖို့ အသားအရေထိန်းသိမ်းမှုတစ်ခုတည်းနဲ့တင် မလုံလောက်တာကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှ စတင်ပြီး ကျန်းမာစွာစားသောက်နေထိုင်ဖို့ကလည်းအရေးကြီးပါတယ် ။
ဒါကြောင့် ဗီတာမင်စီနဲ့ (Antioxidants) ကြွယ်ဝတဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် ပါဝင်အောင် စားသုံးပေးသင့်ပြီး တစ်နေ့ကို ရေအနည်းဆုံး (၂)လီတာခန့် သောက်ပေးခြင်းက ခန္ဓာကိုယ်ဆဲလ်တွေကို ရေဓာတ်ပြည့်ဝစေပြီး အသားအရေ စိုပြည်နုပျိုစေပါတယ်။
ဒါတင်မကသေးဘဲ ညဘက် ၇ နာရီမှ ၈ နာရီအတွင်းအိပ်စက်ခြင်းက ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း ပြုပြင်ထိန်းသိမ်းမှုစနစ်ကို အပြည့်အဝ လုပ်ဆောင်စေနိုင်တာကြောင့် အိပ်ရးဝအောင်အိပ်ဖို့ကလည်းအရေးကြီးပါတယ် ။
အတွင်းပိုင်းကိုပုံမှန်ပြုပြင်နေထိုင်ပြီးတာနဲ့ အသားအရေအပြင်ပိုင်း ထိန်းသိမ်းမှုအတွက် Daily Skincare Routine ကိုစနစ်တကျဂရုစိုက်ဖို့ကလည်းလိုအပ်ပါသေးတယ် ။
အသက်အရွယ် မတိုင်မီ အိုမင်းရင့်ရော်ခြင်းရဲ့ အဓိကတရားခံဟာ UV ရောင်ခြည်ဖြစ်တာကြောင့် Sunscreen ကို ပုံမှန်လိမ်းပေးပြီး မိမိရဲ့ Skin Type နဲ့ ကိုက်ညီတဲ့ Cleanser နဲ့ Moisturizer ကိုတော့ Daily Skincare Routine မှာမဖြစ်မနေပုံမှန်လိမ်းပေးသင့်ပါတယ် ။
တစ်ခုသတိထားရမှာကတော့ Skin Barrier ပျက်စီးစေမယ့် ပြင်းထန်လွန်းတဲ့ Exfoliator တွေ သို့မဟုတ် အာနိသင်ပြင်းတဲ့ ဓာတုဗေဒပစ္စည်း အလွန်အကျွံ ပါဝင်တာတွေကို ရှောင်ရှားဖို့တော့လိုအပ်ပါတယ် ။
ဒီလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုဘဝပုံစံကို စနစ်တကျ ကျင့်သုံးပြီး အသားအရေကို မှန်ကန်စွာ ထိန်းသိမ်းပေးသွားမယ်ဆိုရင် ကိုယ့်ရဲ့ အသက်အရွယ်ထက် ပိုမိုနုပျိုပြီး ယုံကြည်မှုအပြည့်နဲ့ တောက်ပစေနိုင်မှာပဲဖြစ်ပါတယ်ရှင်။
Sandra-စန္ဒြာ Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺️📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
22/08/2026
လူတော်တော်များများဟာ နေမကောင်းဖြစ်ပြီဆိုတာနဲ့ ဆရာဝန်ဆီသွားဖို့ထက် အလွယ်တကူရနိုင်တဲ့၊ လူကြီးသူမတွေ ပြောလေ့ရှိတဲ့ "ဆေးမြီးတို" တွေကို အရင်ဆုံးအားကိုးတတ်ကြပါတယ်။
ငွေကုန်ကြေးကျသက်သာလို့၊ ဆေးခန်းသွားဖို့ အချိန်မပေးနိုင်လို့ ဆိုပြီး သုံးတတ်ကြပေမယ့် တကယ်တမ်းမှာတော့ ဒါဟာ အသက်အန္တရာယ်အထိ ထိခိုက်စေနိုင်တဲ့အရာဆိုတာကိုမေ့နေတတ်ကြပါတယ် ။
အထူးသဖြင့် ဒီနေ့ခေတ်လို ဆိုရှယ်မီဒီယာတွေ သုံးစွဲလာချိန်မှာ အထောက်အထားမခိုင်လုံတဲ့ ပြောစကားတွေ ၊ စာတွေကို ယုံကြည်ပြီး ကိုယ့်သဘောနဲ့ကိုယ် ဆေးကုသနေတာဟာ ရောဂါကို ပျောက်ကင်းစေဖို့ထက် ပိုမိုဆိုးရွားသွားစေနိုင်တဲ့အခြေအနေတွေရှိလာနိုင်ပါတယ် ။
ဆေးမြီးတိုတွေကို ရေရှည် (သို့မဟုတ်) ပမာဏများများ သုံးစွဲတဲ့အခါ ဘယ်လိုမျိုးနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်လဲ ...?
🔹ပါဝင်တဲ့ ဓာတ်တွေကို တိတိကျကျ မသိနိုင်တာကြောင့် ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ အဆိပ်အတောက် မှန်သမျှကို အသည်းနဲ့ ကျောက်ကပ်က အဓိက စစ်ထုတ်ပေးရတာဖြစ်လို့ ရေရှည်မှာ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနဲ့ ကျောက်ကပ်အလုပ်မလုပ်တော့ဘဲ ပျက်စီးသွားစေနိုင်ခြင်း ။
🔹ဆေးမြီးတိုနဲ့ စမ်းသပ်ကုသနေရင် မထိရောက်ဘဲ ရောဂါကိုဆွဲထားသလိုဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အဆင့်အထိရောက်သွားနိုင်ခြင်း ။
🔹ဆရာဝန်ပေးထားတဲ့ ပုံမှန်သောက်ဆေးတွေနဲ့ ဆေးမြီးတိုတွေ တွဲသောက်မိတဲ့အခါ ဆေးအချင်းချင်း ဓာတ်ပြုသွားတတ်ပြီး ဆေးအာနိသင် ပြယ်သွားတာမျိုး၊ ဒါမှမဟုတ် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ - သွေးပေါင် ရုတ်တရက် အလွန်အမင်းကျသွားခြင်း၊ သွေးယိုစိမ့်ခြင်း) မျိုးတွေ ဖြစ်စေနိုင်ခြင်း ။
🔹တချို့ဆေးမြီးတိုတွေမှာ ကိုယ်နဲ့မတည့်တဲ့ အရာတွေ၊ မှိုတွေနဲ့ ဘက်တီးရီးယားတွေ ပါဝင်နေနိုင်တာကြောင့် အသားအရေ ယားယံခြင်း၊ အနီစက်ထွက်ခြင်းကနေ စပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့ကာ ရုတ်တရက် အသက်ရှူရပ်သွားတဲ့အထိဖြစ်နိုင်ခြင်းစတဲ့ဆိုးကျိုးတွေရှိလာနိုင်ပါတယ် ။
ဒါကြောင့် ရောဂါဝေဒနာတစ်ခုခု ခံစားရပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေချာပြသပြီး စနစ်တကျ ကုသမှုခံယူတာကသာ အကောင်းဆုံးနဲ့ အလုံခြုံဆုံး နည်းလမ်းသာဖြစ်ပါတယ်ရှင် ။
Sandra Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
21/08/2026
သွေးပေါင်ချိန် တက်လာတိုင်း ဆေးတွေပဲ အလောတကြီး သောက်နေရတဲ့အပြင် အကြိုက်ဆုံး အစားအသောက်တွေကို အမြဲ ရှောင်နေရလို့စိတ်ညစ်နေပြီဆိုရင် ဆေးတွေချည်းပဲ အားမကိုးဘဲ သဘာဝအတိုင်း သွေးပေါင်ချိန်ကို စနစ်တကျ ထိန်းထားနိုင်မယ့် Tip & Trick လေးတွေကိုမျှဝေပေးလိုက်ပါရစေရှင် ။
အဓိက အကျဆုံးအချက်ကတော့ စားသောက်ထဲမှာ သွေးတက်စေတဲ့အဓိကတရားခံဖြစ်တဲ့ ဆား ကို မဖြစ်မနေအသုံးပြုစားသောက်နေကြရပါတယ်။
ဒါကြောင့် ဆားကိုတတ်နိုင်သမျှလျှော့စားပြီး သွေးပေါင်ချိန်ကိုထိန်းညှိထားနိုင်တဲ့ ပိုတက်စီယမ်ကြွယ်ဝသော အစားအစာတွေဖြစ်တဲ့ ငှက်ပျောသီး ၊ ထောပတ်သီး၊ ဟင်းနုနွယ်နဲ့ ခရမ်းချဉ်သီးလိုမျိုးအစားအစာမျိုးတွေကို ပိုမိုစားသုံးပေးသင့်ပါတယ် ။
နောက်တစ်ချက်အနေနဲ့ နေထိုင်မှုပုံစံထဲမှာ...
🔹 သွေးစီးဆင်းမှုကို လွယ်ကူစေပြီး သွေးပျစ်ခြင်းမှကာကွယ်ပေးနိုင်အောင် ရေဓာတ်လုံလောက်စွာရှိနေဖို့လိုတဲ့အတွက် ရေကို တစ်နေ့ (၂) လီတာ (၃) လီတာပုံမှန်သောက်ပေးခြင်း ။
🔹သွေးပေါင်ချိန် ထိန်းညှိမှုစနစ်မှန်ကန်အောင် အိပ်ရေးဝအာင်အိပ်စက်ခြင်း ။
🔹စိတ်ဖိစီးမှုများတာမျိုးကလည်း သွေးကြောတွေကိုကျဉ်းစေပြီး သွေးပေါင်ချိန်ရုတ်တရက်တက်လာစေတာကြောင့် စိတ်ညစ်တဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများလာတဲ့အခါမျိုးမှာ အသက်ကိုဖြည်းဖြည်းရှုပြီး တရားထိုင်တာမျိုးည၊ ဝါသနာပါရာ တစ်ခုခု လုပ်နေတာမျိုးကိုပြုလုပ်ပေးခြင်း ...စတဲ့အချက်တွေကို နေ့စဉ်ဘဝနဲ့ယှဉ်တွဲနေထိုင်မယ်ဆိုရင် သွေးပေါင်ချိန်ပုံမှန်ရရှိစေနိုင်တာကြောင့် ဒီအလေ့အကျင့်လေးတွေကို ဒီနေ့ကစတင်ပြီး ဖြည်းဖြည်းချင်းပြောင်းလဲကြည့်ဖို့အကြံပြုလိုက်ပါရစေရှင် ။
Sandra-စန္ဒြာ Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺️📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
20/08/2026
ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ အခါ ဘာတွေ သိထားရမလဲ??
ရေကို ကြိုချက်ပြီးမှသောက်ပါ။
မည်သည့် နေရာမှရေမဆို ကြိုချက်ပြီးမှသောက်သုံးပါ။
ဟင်းချက်တဲ့အခါဖြစ်စေ
ဟင်းသီးဟင်းရွက်နှင့် သားငါးဆေးကြောရာမှာဖြစ်စေ ကြိုချက်ပြီး အအေးခံထားသော ရေကို အသုံးပြုပါ။
မည်သည့်ရေကိုမဆို ပြင်ပမှ အမှိုက်သရိုက်များ မကျရောက်လေအောင်ဖုံးအုပ်ထားပါ ။
လက်ဆေးပါ ။
အစာကို ပူနွေးအောင် ဆူပွက်စွာချက်ပြီးမှ စားသုံးပါ။ အစာမစားခင်တိုင်းနှင့် စားပြီးတိုင်းလက်ဆေးပါ ။
သောက်ရေအတွက် ရေကို ပွက်ပွက်ဆူအောင် (၁၀) မိနစ်မှ မိနစ် (၂၀) ထိ ကြိုချက်၍ လုံခြုံစွာဖုံးအုပ်ထားပါ။
အစားအစာထည့်သော အိုးခွက်၊ ပန်းကန်၊ အစရှိသည်တို့ကို အသုံးမပြုမှီနှင့် ပြုပြီးတိုင်းဆပ်ပြာနှင့်ရေကို အသုံးပြုကာ စင်ကြယ်စွာဆေးကြောပါ ။
ထုထည်ကြီးသော ရေထုကို အသုံးပြုနိုင်ရန် ကလိုရင်းခတ်ပါ ။
Sandra Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
#ဝမ်းပျက်ဝမ်းလျှောရောဂါ
19/08/2026
ဗိုက်အောင့်၊ ဗိုက်နာပြီဆိုတာနဲ့ ဆေးမြီးတိုတွေ လျှောက်သောက်နေတုန်းပဲလား?
ဒါဆိုရင်တော့ စာကိုဆုံးတဲ့အထိဖတ်ကြည့်လိုက်ပါနော် ။
တခါတလေ အစာစားပြီးတဲ့အခါမျိုး ဒါမှမဟုတ် ရုတ်တရက်အခြေအနေမျိုးတွေမှာ ဗိုက်က "ဆူးကနဲ " အောင့်လာလို့ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေသောက်၊ သူငယ်ချင်းတွေ အသိတွေ ညွှန်းတဲ့ ဆေးမြီးတိုတွေသောက်ပြီး ဝေဒနာပိုဆိုးသွားတဲ့သူတွေ အပြင်မှာ အများကြီးရှိပါတယ်။
တကယ်တော့ ဗိုက်အောင့်တိုင်း အစာအိမ်ရောဂါကြောင့် မဟုတ်ပါဘူး။
ဥပမာအနေနဲ့ နားလည်လွယ်အောင်ပြောရမယ်ဆိုရင်
ညာဘက်အောက်ဘက်နားက စူးပြီးအောင့်ရင် အူအတက်ရောင်တာ ဖြစ်နိုင်ပြီး ညာဘက်နံရိုးအောက်နားကအောင့်ရင် သည်းခြေကျောက်တည်တာမျိုး ဖြစ်နိုင်တဲ့အပြင် ခါးဘက်ကနေ ဆီးစပ်ထိ ထိုးအောင့်ရင် ကျောက်ကပ်ကျောက်တည်တာ ဖြစ်နိုင်ပါတယ်။
ဒီလိုမျိုး နေရာနဲ့ ရောဂါလက္ခဏာတွေ ကွာခြားတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် ဆေးမြီးတိုတွေသောက်တာ၊ အစာအိမ်ဆေးတွေ လျှောက်သောက်တာမျိုး လုံးဝ (လုံးဝ) မလုပ်သင့်ပါဘူး။
ရောဂါအမှန်ကို မသိဘဲ ဆေးမှားသောက်မိရင် အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်တာကြောင့် သာမန်နဲ့မတူဘဲ ဗိုက်အောင့်လာတဲ့အခါ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကုသမှုခံယူဖို့အတွက် ဒီ Post လေးကနေတဆင့် အကြံပြုလိုက်ပါရစေရှင် ။
Sandra-စန္ဒြာ Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺️📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
18/08/2026
ကွန်ပျူတာရှေ့ အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရင်း ရုတ်တရက် ခေါင်းတွေ အရမ်းကိုက်လာတယ်၊ ဇက်ကြောတွေတက်ပြီး မူးဝေလာလို့ အလုပ်တွေ ဆက်လုပ်လို့မရတော့တဲ့ အခြေအနေမျိုး ကြုံဖူးကြမှာပါ။
ဒီလိုဖြစ်တိုင်း "အလုပ်များလို့ စိတ်ဖိစီးနေတာနေမှာပါ" ဆိုပြီး အကိုက်အခဲပျောက်ဆေးလေးသောက် ကြိတ်မှိတ်သည်းခံနေတာကရေရှည်မှာ အရမ်းအန္တရာယ်များလှပါတယ်။
ဒါကြောင့် ဒီလိုအခြေအနေမျိုးကြုံလာရတဲ့အခါ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကြည့်တာကို ခဏရပ်ပြီး မျက်စိအနားပေးပါ။
ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ခေါင်းကိုက်ခြင်းကို ပိုဆိုးစေနိုင်တာကြောင့် ရေများများသောက်ပေးပြီး လည်ပင်း၊ ပခုံးနဲ့ ဇက်ကြောတွေကို ဖြည်းဖြည်းချင်း လှည့်ပေးပြီး အကြောလျှော့ပေးပါ။
ခေါင်းကိုက်တာအပြင် မျက်စိပြာလာတာ၊ အန်ချင်တာ၊ စကားပြောရခက်လာတာ ဒါမှမဟုတ် ပုံမှန်ထက် ပိုပြီး ပြင်းထန်စွာကိုက်ခဲလာပြီဆိုရင်တော့ အကိုက်အခဲပျောက်ဆေးတွေချည်းပဲ အားမကိုးဘဲ ဆရာဝန်နဲ့ သေချာသွားရောက်ပြသစစ်ဆေးဖို့ လိုအပ်နေပါပြီ။
Sandra-စန္ဒြာ Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
17/08/2026
ဝိတ်_ကျချင်လွန်းလို့ အစားတွေလျှော့စားနေပေမယ့် ခဏပဲကျပြီး ပြန်တက်လာလို့ စိတ်ညစ်နေပြီလား?
Diet တွေ အမျိုးမျိုးလုပ်တယ် ၊
အစားတွေ အရမ်းလျှော့စားတယ်... ဒါပေမယ့် ဝိတ်က ကိုယ်လိုချင်တဲ့ အတိုင်းအတာရောက်မလာဘဲ ခေါင်းမူးတာ၊ အားနည်းသွားတာမျိုးပဲကြုံနေရပြီလား...?
တကယ်တော့ ပိန်လွန်းတာဟာ ကျန်းမာတာမဟုတ်သလို၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားရဖို့ဆိုတာ အစားအသောက်ကို သင့်တင့်မျှတအောင် စားသောက်နေထိုင်ဖို့ကလည်း အရေးအကြီးဆုံးပဲဖြစ်ပါတယ် ။
ဒီတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားရဖို့အတွက် ထမင်းလုံးဝဖြတ်လိုက်တာမျိုး မလုပ်ဘဲ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အချိုးအစားမှန်ကန်အောင် စားသုံးပေးသင့်ပါတယ် ။
ဇီဝကမ္မဖြစ်စဉ်ကိုကောင်းမွန်စေဖို့အတွက် Metabolism Weight အပေါ်မူတည်ပြီး တစ်နေ့ကို ရေ (၂) လီတာကနေ (၃) လီတာအထိ သောက်သုံးပေးတာမျိုးပြုလုပ်ပေးပါ ။
သွေးလည်ပတ်မှု နဲ့အစာခြေစနစ်ကိုကောင်းမွန်စေဖို့အတွက် Gym သွားဖို့ အချိန်မရှိဘူးဆိုရင်တောင် နေ့စဉ်လမ်းလျှောက်တာ၊ အကြောလျှော့တာမျိုးကို အနည်းဆုံး မိနစ် ၃၀ ခန့် ပုံမှန်လုပ်ပေးသင့်တဲ့အပြင် လုံလောက်စွာအိပ်စက်အနားယူဖို့ကလည်း အရေးကြီးပါသေးတယ် ။
ညဘက် ကောင်းကောင်းအိပ်မပျော်ခြင်းက ဝိတ်တက်စေတဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်တာကြောင့် အချိန်တိုအတွင်း ဝိတ်ကျဖို့ထက် ရေရှည်ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်နိုင်ဖို့အတွက် အခုပြောပြသွားတဲ့အချက်တွေအတိုင်း နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို ဒီနေ့ကစပြီး စတင်ပြောင်းလဲကြည့်လိုက်ပါနော် ။
Sandra Clinic
နေ့လည် ၁၁ နာရီ မှ ည ၇ နာရီ အထိ 🔔‼️
တနင်္လာနေ့ ဆေးခန်းပိတ်ပါသည် ‼️
🏥 ဆေးခန်းလိပ်စာ 🏥
အမှတ် (၁၀၉) ၊ ၄လွှာ ၊ ခိုင်ရွှေဝါ ဗဟိုလမ်းမကြီး ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။(ဓာတ်လှေကား ပါရှိပါသည်)*ခိုင်ရွှေဝါ မှတ်တိုင် နှင့် ဘီအာဘီ မှတ်တိုင် ကြား*
☎️ 09 44 35 444 26 ☎️ 09 965 169 100
Google Map 🗺📍https://maps.app.goo.gl/FkTRcK4UV7UmVAQ36
📍ဆေးခန်းသို့ လာရောက်ပြသရန် အခက်အခဲရှိသူများ အတွက်…
ဒေါက်တာဇွန် နှင့် Online Consultation (အွန်လိုင်းဆွေးနွေးမှု) Appointment ရက်ချိန်းရယူလိုသူများအနေဖြင့် Page Chatbox(cb) မှ ဆက်သွယ် စာရင်းပေးသွင်း၍ ရက်ချိန်းညှိယူနိုင်ပါတယ် ☎️☎️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
109 (4th Floor), Baho Road, 3rd Ward, Kamaryut
Kamayut
11041
Opening Hours
| Tuesday | 11:00 - 19:00 |
| Wednesday | 11:00 - 19:00 |
| Thursday | 11:00 - 19:00 |
| Friday | 11:00 - 19:00 |
| Saturday | 11:00 - 19:00 |
| Sunday | 11:00 - 19:00 |