Elotus International Laboratory Service, Mandalay
International Laboratory Service
Elotus နိုင်ငံတကာအဆင့် ဓာတ်ခွဲခန်းဝန်ဆောင်မှုစင်တာမှ လူကြီးမင်းတို့၏ ကျန်းမာရေး စစ်ဆေးမှုများကို နိုင်ငံတကာရှိ အဆင့်အမြင့်ဆုံး ဓာတ်ခွဲခန်းများ နှင့် ချိတ်ဆက်၍ ဝန်ဆောင်မှုပေးနေပါပြီ။
06/08/2026
📣 Job Vacancy Announcement, We're Hiring 🔔
Mandalar Healthcare Group (MHG) လက်အောက်ရှိ Elotus Laboratoryနှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိပါသည်။
💼 Marketing Assistant - 2 Posts
💼 Blood Collector - 2 Posts
✅ Benefit Package :
- Attractive Salary
- Medical discount according to the organizations Policy
- Leave according to the Organization’s Policy
- Good interpersonal communication skills and work with teams
- Learn for personal and professional development at all time
▶️ Apply by sending your CV form to the email below 👇
📧 Email : [email protected]
📞 Phone & Viber : 09 799 529 965
29/07/2026
🙏 ဝါဆိုလပြည့် ~ Waso Full Moon Day 🙏
ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် ခုနှစ်ရက်သား၊ သမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ရရှိပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ၊ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်၍ ငြိမ်းချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
☎️ ဖုန်းနံပါတ် - 09 456 464 125, 09 951 064 081
“International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📣 Job Vacancy Announcement, We're Hiring 🔔
Mandalar Healthcare Group (MHG) လက်အောက်ရှိ Elotus Laboratoryနှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ်ယူလျက်ရှိပါသည်။
▶️ Apply by sending your CV form to the email below 👇
📧 Email : [email protected]
📞 Phone & Viber : 09 799 529 965
07/07/2026
🏡 အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးပေးခြင်းဝန်ဆောင်မှု (Home Service Blood Collection)
ဆေးရုံ၊ ဆေးခန်းများသို့ သွားလာရန် အခက်အခဲရှိသော သက်ကြီးရွယ်အိုများ၊ အိပ်ရာထဲတွင် လှဲလျောင်းနေရသည့် မလှုပ်ရှားနိုင်သော လူနာများ၊ မသန်စွမ်းသူများနှင့် သွားလာရေးအဆင်မပြေသော လူနာများ အတွက် ELOTUS International Laboratory Service မှ အရည်အချင်းပြည့်မီသော ကျန်းမာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးပေးခြင်း (Home Service Blood Collection) ဝန်ဆောင်မှုကို နေ့စဉ် ပိတ်
ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
🩸 သွေးဖောက်စစ်ဆေးခြင်းဟာဆိုရင် ရောဂါများကို အစောပိုင်းအဆင့်မှ ရှာဖွေသိရှိနိုင်ရန်နှင့် ကုသမှုကို အချိန်မီ စတင်နိုင်ရန် အရေးကြီးသော စစ်ဆေးမှုအဆင့်တစ်ခုပါ။
ဒါကြောင့် သင့်ကျန်းမာရေးလိုအပ်ချက်များအတွက်
Elotus ဆေးခန်းသို့ ဆက်သွယ်ပြီး အိမ်မှာပဲ လွယ်ကူအဆင်ပြေစွာ ကျန်းမာရေးစစ်ဆေးနိုင်ပါပြီ။
🩸 စစ်ဆေးနိုင်သော အခြေအနေများမှာ-
✅ အထွေထွေ ကျန်းမာရေး စစ်ဆေးခြင်း (General Health Check-up)
✅ ဆီးချိုသွေးချိုရောဂါ (Diabetes) စစ်ဆေးခြင်း
✅ HIV/AIDS နှင့် အခြားကူးစက်ရောဂါများ စစ်ဆေးခြင်း
✅ ရောဂါပိုးကူးစက်မှုရှိ/မရှိ စစ်ဆေးခြင်း
✅ ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်း စစ်ဆေးခြင်း(နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်)
✅ ကင်ဆာနှင့်ဆက်စပ်သော သွေးစစ်ဆေးမှုများ
✅ ဆရာဝန်ညွှန်ကြားသည့် အခြားဓာတ်ခွဲစစ်ဆေးမှုများ ကို စစ်ဆေးနိုင်ပါတယ်။
👩⚕️ ELOTUS International Laboratory Service တွင် အရည်အသွေးမြင့် ဓာတ်ခွဲခန်းစနစ်များနှင့် ကျွမ်းကျင်သော Laboratory Professionals များဖြင့် စစ်ဆေးပေးနေတာကြောင့် တိကျမှန်ကန်ပြီး အချိန်မီ အဖြေရရှိနိုင်ရန် အထူးဂရုစိုက် ဆောင်ရွက်ပေးလျက်ရှိပါ
သည်။
သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အိမ်အရောက် ဝန်ဆောင်မှုဖြင့် အချိန်ကုန်၊ လူပင်ပန်းသက်သာစွာ စစ်ဆေးဖို့ ELOTUS International Laboratory Service ကို အခုပဲ ဆက်သွယ်လိုက်တော့နော်….😍
☎️ ဖုန်းနံပါတ် - 09 456 464 125, 09 951 064 081
“International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
14/06/2026
🩸🌎 ကမ္ဘာ့သွေးလှူရှင်များနေ့ ~ World Blood Donor Day 2026) 🌎🩸
🩸 လူတိုင်း အသက်ရှင်ရပ်တည်နိုင်မှုအတွက် သွေးသည် မရှိမဖြစ်လိုအပ်သော အဖိုးတန်အရင်းအမြစ်တစ်ခုပါ။ သွေးလှူဒါန်းခြင်းသည် လူ့အသက်ကို ကယ်တင်ပေးနိုင်သည့် အမြင့်မြတ်ဆုံး ကုသိုလ်ပြုလုပ်မှုများထဲမှ တစ်ခုဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းရှိ သွေးလှူရှင်များ၏ စေတနာနှင့် ပေးဆပ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ (၁၄) ရက်နေ့ကို “World Blood Donor Day – ကမ္ဘာ့သွေးလှူရှင်များနေ့” အဖြစ်သတ်မှတ်ကျင်းပလျက်ရှိပါသည်။
ယခုနှစ်ရဲ့ ဆောင်ပုဒ်လေးကတော့ “One Drop of Humanity. Give Blood. Save Lives.”- “လူသားချင်းစာနာမှု သွေးတစ်
စက်၊ အသက်များစွာအတွက် မျှော်လင့်ချက်တစ်စက်။ သွေးလှူပါ၊ အသက်ကယ်ပါ။” ဖြစ်ပြီး လူသားတစ်ဦးချင်းစီ၏ စေတနာ၊ မေတ္တာနှင့် မျှဝေကူညီလိုသော စိတ်ဓာတ်ကို ကိုယ်စားပြုထားပြီး သွေးတစ်စက်လှူဒါန်းခြင်းဖြင့် အသက်အန္တရာယ်ကြုံတွေ့နေရသော လူနာများစွာ၏ အသက်ကို ကယ်တင်နိုင်ကြောင်း အလေးပေးဖော်ပြထားပါတယ်။
🩸 သွေးလှူဒါန်းခြင်းသည် မြင့်မြတ်သော လှူဒါန်းမှုတစ်ရပ်
ဖြစ်သလို သွေးလိုအပ်နေသော လူနာများအတွက်လည်း အဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် သွေးလှူဒါန်းလိုသူများအနေဖြင့် အောက်ပါအချက်များကို သိရှိထားသင့်ပါတယ်ရှင်။😍
🩸 သွေးလှူရှင်များ သိထားသင့်သော အချက်များ
🔸 အသက် (၁၈) နှစ်မှ (၅၅) နှစ်အတွင်း ဖြစ်ရပါမည်။
🔸 အမျိုးသားများအနေဖြင့် ကိုယ်အလေးချိန် (၁၁၀) ပေါင်နှင့်အထက်၊ အမျိုးသမီးများအနေဖြင့် (၁၀၀) ပေါင်နှင့်အထက် ရှိရပါမည်။
🔸 သွေးမလှူမီ အိပ်ရေးဝဝ အနားယူထားသင့်ပါသည်။
🔸 ကျန်းမာရေးကောင်းမွန်ပြီး ဖျားနာခြင်းမရှိရပါ။
🔸 ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ သွေးလှူဒါန်း၍ မရပါ။
🔸 အရက်သောက်သုံးထားခြင်း၊ လတ်တလော ဓမ္မတာလာနေခြင်း မရှိရပါ။
🩸 သွေးလှူပြီးနောက် ဆောင်ရန် / ရှောင်ရန်များ
🔹 သွေးလှူပြီးနောက် (၁၀) မိနစ်ခန့် လဲလျောင်းအနားယူပြီး (၁၅) မိနစ်ခန့် ထိုင်၍ အနားယူပါ။
🔹 အာဟာရပြည့်ဝသော အစားအသောက်များနှင့် ရေဓာတ်လုံလောက်စွာ ဖြည့်တင်းပါ။
🔹 သွေးလှူသည့်နေ့တွင် ပင်ပန်းသော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။
🔹 သွေးလှူပြီး (၃) လပြည့်ပါက ပြန်လည်လှူဒါန်းနိုင်ပါသည်။
🙏 ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာမှုကို လက်တွေ့ဖော်ဆောင်ပြီး အသက်များစွာကို ကယ်တင်နိုင်ရန် သွေးလှူဒါန်းခြင်းဖြင့် ပါဝင်အားဖြည့်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ယနေ့ကျရောက်တဲ့ “ကမ္ဘာ့သွေးလှူရှင်များနေ့”ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 😍
☎️ ဖုန်းနံပါတ် - 09 456 464 125, 09 951 064 081
“International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
09/06/2026
📣 Job Vacancy Announcement, We're Hiring 🔔
Mandalar Healthcare Group (MHG) လက်အောက်ရှိ Elotus Laboratoryနှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ်ယူလျက်ရှိပါသည်။
💼 Medical Officer - 1 Post
✅ Benefit Package :
- Attractive Salary
- Medical discount according to the organizations Policy
- Leave according to the Organization’s Policy
- Good interpersonal communication skills and work with teams
- Learn for personal and professional development at all time
▶️ Apply by sending your CV form to the email below 👇
📧 Email : [email protected]
📞 Phone & Viber : 09 799 529 965
02/06/2026
သင့်ရဲ့ အသည်းကျန်းမာရေးကို ကြိုတင်ကာကွယ်ဖို့ Hepatitis B Vaccine များ Elotus Laboratory Service တွင် လာရောက်ထိုးနှံနိုင်ပါပြီ! 💉
🦠 “Silent Killer” လို့ခေါ်ကြတဲ့ B ပိုး / C ပိုး ဆိုတာ ဘာလဲ ❓
🦠 B ပိုး (Hepatitis 😎 နှင့် C ပိုး (Hepatitis C) ဟာ သတိမထားမိတဲ့ နေရာတွေကနေတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့ Virus ပိုးများဖြစ်ပါတယ်
😰 အသည်းကို တဖြည်းဖြည်း ပျက်စီးစေပြီး အသက်
အန္တရာယ်အထိ ဖြစ်စေနိုင်ပေမယ့် အစောပိုင်းမှာ လက္ခဏာမပြတတ်တဲ့အတွက် လူအများစုက “ကျန်းမာနေတယ်” လို့ အထင်မှားပြီး ရောဂါရှိနေမှန်း မသိဘဲ ပေါ့ဆနေတတ်ကြပါတယ်။
⚠️ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အသည်းကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပြီး
🔺 နာတာရှည် အသည်းရောင်ရောဂါ (Chronic Hepatitis)
🔺 အသည်းခြောက်ခြင်း (Liver Cirrhosis)
🔺 အသည်းအလုပ်မလုပ်နိုင်တော့ခြင်း
🔺 အသည်းကင်ဆာ (Liver Cancer)တို့အထိ ဖြစ်ပွားနိုင်တာကြောင့် လုံးဝ ပေါ့ဆမထားသင့်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
❗B ပိုး / C ပိုး ကူးစက်နိုင်ခြေ အများဆုံးရှိသောနည်းလမ်းများ 🦠
🩸 ပိုးပါသော သွေးနှင့် ထိတွေ့ခြင်း
💉 ဆေးထိုးအပ်၊ Tattoo အပ်၊ Razor (သင်တုန်းဓား)၊
သွားတိုက်တံများကို မျှဝေအသုံးပြုခြင်း
🏥 မသန့်ရှင်းသော ဆေးဘက်ဆိုင်ရာပစ္စည်းများ
အသုံးပြုခြင်း
👩👦 မိခင်မှ ကလေးသို့ ကူးစက်နိုင်ခြင်း
⚠️ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
🛡️ B ပိုး / C ပိုးကို ဘယ်လိုကာကွယ်မလဲ ❓
✅ Hepatitis B Vaccine ထိုးနှံထားပါ
(B ပိုးကို ကာကွယ်နိုင်တဲ့ အထိရောက်ဆုံးနည်းလမ်း)
✅ B ပိုး / C ပိုး စစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ပါ
✅ သွေးလှူခြင်း / သွေးသွင်းခြင်းများတွင်
စစ်ဆေးပြီးသော သွေးများကိုသာ အသုံးပြုပါ
✅ ဆေးထိုးအပ်၊ Razor (သင်တုန်းဓား)၊
သွားတိုက်တံများကို မျှဝေမသုံးပါနဲ့။
🫀 အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာအထိ ဖြစ်စေနိုင်သော Hepatitis B Virus ကိုကာကွယ်ဖို့ Vaccine ထိုးနှံခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပါ✨
👨⚕️ ဒါကြောင့် လူကြီးမင်းနှင့် မိသားစုကျန်းမာရေးအတွက် Elotus Laboratory Service တွင် B Vaccine များ လာရောက်ထိုးနှံနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
📌 ဒါ့အပြင် B ပိုး / C ပိုး ကူးစက်နိုင်ခြေများတဲ့ နည်းလမ်းများကိုလည်းပုံနှင့်တကွ ဗဟုသုတရအောင် တင်ပြပေးလိုက်ပါတယ်ရှင် 🦠
☎️ ဖုန်းနံပါတ် - 09 456 464 125, 09 951 064 081
“International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
28/05/2026
☪️ Happy Eid Al-Adha Mubarak 🌙
ယနေ့ မေလ (၂၈)ရက်နေ့မှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)နေ့မြတ်မှာ အစ္စလာမ်ဘာသာဝင် မိသားစုဝင်များနှင့် အသိမိတ်ဆွေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဘေးရန်ကင်းကွာနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏
“International Laboratory Service”
☎️ ဖုန်းနံပါတ် - 09 456 464 125, 09 951 064 081
လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
23/05/2026
📣 Job Vacancy Announcement, We're Hiring 🔔
Mandalar Healthcare Group (MHG) လက်အောက်ရှိ Elotus Laboratoryနှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ်ယူလျက်ရှိပါသည်။
💼 Blood Collector - 3 Posts
✅ Benefit Package :
- Attractive Salary
- Medical discount according to the organizations Policy
- Leave according to the Organization’s Policy
- Good interpersonal communication skills and work with teams
- Learn for personal and professional development at all time
▶️ Apply by sending your CV form to the email below 👇
📧 Email : [email protected]
📞 Phone & Viber : 09 799 529 965
09/05/2026
🦠 ရာသီတုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်ဖို့ “Elotus ဆေးခန်း” တွင် Flu Vaccine များ လာရောက်ထိုးနှံနိုင်ပါပြီ 📣
🔺 တုပ်ကွေးရောဂါဟာ လေမှတစ်ဆင့် ကူးစက်တတ်တဲ့ Virus ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကလေးများ၊ အသက်ကြီးသူများနဲ့ ကိုယ်ခံအားနည်းသူများ ပိုမိုသတိထားသင့်ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးများထိုးနှံထားသင့်ပါတယ်။
💉 Flu Vaccine ထိုးခြင်းဖြင့်
�✅ ရာသီတုပ်ကွေးဖြစ်ပွားမှုကို လျော့ချပေးနိုင်ခြင်း�✅ ပြင်းထန်သော နောက်ဆက်တွဲရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း�✅ မိသားစုနှင့်ပတ်ဝန်းကျင်သို့ ကူးစက်မှုလျော့နည်းစေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပြီး Flu Vaccine ထိုးချိန်တွင် လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း တင်ပြပေးလိုက်ပါတယ်👇
📌 Flu Vaccine ထိုးနှံရာတွင် သိထားသင့်သောအချက်များ
�• Vaccine ထိုးပြီး (၂) ပတ်ခန့်အကြာမှ ဆေးအာနိသင်
စတင်ပြသပါတယ်
(ဒါကြောင့် တုပ်ကွေးရာသီမတိုင်မီ ကြိုတင်ပြီး ကာကွယ်ဆေးထိုးသင့်ပါတယ်)
�• Vaccine မထိုးခင်နှင့် ထိုးပြီး (၂၄) နာရီအတွင်း အရက်၊ ဘီယာ ရှောင်ကြဉ်သင့်ပါတယ်
�• ဆေးနဲ့ ဓာတ်တည့်၊ မတည့်သိအောင် Vaccine ထိုးပြီးနောက် (၁၅) မိနစ်ခန့် စောင့်ကြည့်ပေးသင့်ပါတယ်။
🤒 အကယ်၍ သင့်မှာ တုပ်ကွေးရောဂါရှိနေလျှင်
• အဖျားတက်ခြင်း
• နှာစေး၊ ချောင်းဆိုးခြင်း
• လည်ချောင်းနာခြင်း
• ခေါင်းကိုက်ခြင်း
• ကိုယ်လက်ကိုက်ခဲခြင်း
• အော့အန်ခြင်း စတဲ့ လက္ခဏာများ ခံစားရမှာဖြစ်ပါတယ်။
💉 ဒါကြောင့် ရာသီတုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန် Elotus ဆေးခန်းတွင် Flu Vaccine များကို ကြိုတင်စာရင်းပေး၍ လာရောက်ထိုးနှံနိုင်ပါပြီရှင်…
☎️ ဖုန်းနံပါတ် - 09 456 464 125, 09 951 064 081
“ELOTUS International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
82nd Street, 28th Street, Chan Aye Tharzan Township
Mandalay
05024
Opening Hours
| Monday | 07:00 - 19:00 |
| Tuesday | 07:00 - 19:00 |
| Wednesday | 07:00 - 19:00 |
| Thursday | 07:00 - 19:00 |
| Friday | 07:00 - 19:00 |
| Saturday | 07:00 - 19:00 |
| Sunday | 07:00 - 19:00 |