Skin Is In
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Skin Is In, Beauty, cosmetic & personal care, Corner of 25th & 83rd Street, Mandalay.
10/09/2026
ဈေးလေးလည်းတန်ပီးသုံးလို့အရမ်းကောင်တဲ့ Eye Liner လေးနော် မင်မင်တို့ဆိုင်မှာ instock ပါရှင့်😍
#𝗦𝗸𝗶𝗻𝗜𝘀𝗜𝗻
10/09/2026
✨ အရေးအကြောင်းနဲ့ အမဲစက်တွေကို လျှော့ချပေးမယ့် Gentle Anti-Aging Serum! ✨
Sensitive skin ဖြစ်လို့ Retinol သုံးဖို့ ကြောက်နေတဲ့သူတွေအတွက် Mary & May က ထုတ်ထားတဲ့ Vegan Retinol Cica Serum လေး Try ကြည့်လို့ရပါတယ်နော်☘️💜
Key Ingredients အနေနဲ့
💜Retinol 0.1% & Bakuchiol (1,000 ppm) ပါဝင်တာကြောင့် အရေးကြောင်းတွေကို သက်သာစေပြီး collagen ထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်(Bakuchiol က သဘာဝ Retinol အစားထိုးဖြစ်လို့ ယားယံမှုကို လျှော့ချပေးပါတယ်)
💜Triple Peptide ကြောင့် အသားရေကို တင်းရင်းစေပြီး Skin Elasticity ကို တိုးစေပါတယ်
💜CICA-PDRN & CICA Exosome ပါဝင်တာကြောင့်နီမြန်းယားယံတာတွေကို သက်သာစေပြီး Skin Barrierကို အားဖြည့်ပေးပါတယ်နော်
Fragrance Free မို့ all skin types အပြင်sensitive skin တွေစိတ်ချလက်ချသုံးလို့ရပါပြီး Retinol စသုံးချင်တဲ့ Beginner များ လုံးဝလက်မလွှတ်သင့်တဲ့ serum လေးပါရှင့်🙆♀️
#𝗦𝗸𝗶𝗻𝗜𝘀𝗜𝗻
10/09/2026
💚Celimax Noni Acne Bubble Cleanser လေးပြန်ရောက်ထားပါပီရှင့်💚
Oily acne prone skin တွေအတွက်အရမ်းကိုမှအဆင်ပြေတဲ့ Cleanser လေးပါနော်🙆♀️
✅ Noni extract ရယ် BHA ခပ်ပါးပါးရယ် ACZERO complex ရယ် အဓိကပါဝင်ပြီး
အသားရည်ပေါ်က အဆီတွေ အညစ်ကြေးတွေကို ပြောင်စင်စေပြီးတော့ acne , breakouts ဖြစ်တာတွေကို လျှော့ချပေးတယ်
✅ မျက်နှာသစ်ပြီးတဲ့အခါမှာလဲ Noni extract ကြောင့် ခြောက်တင်းသွားစေတာမျိုးမရှိပဲ အသားရည်ရဲ့ moisture barrier ကို ထိန်းသိမ်းပေးပါတယ်
✅ သူက ညစ်လိုက်တာနဲ့ အမြှုပ်လေးတွေတန်းထွက်လာပြီး low pH microbubbles လေးတွေမို့ အတော်လေးလဲ soft ဖြစ်တယ်ရှင်
✅ အသားအရေပါးပီး Sensitive ဖစ်တတ်တဲ့ သူလေးတွေအတွက်လည်းအရမ်းကိုမှအဆင်ပြေပါတယ်နော်
10/09/2026
Dermafactory be zero body wash
ကိုယ်ဝန်ဆောင်မေမေ တွေ 🤰
မီးဖွားပြီး မေမေ တို့ 🤱
အမွှေးနံ့ မခံနိုင် မကြိုက် တဲ့သူတွေ
Skin barrier ထိထားလို့
ဟိုနားဒီနား အမြဲ ယားယံတတ်သူတွေ
Sensitive skin တွေနဲ့
အထူး သင့်တော်တဲ့ body wash ပါ
Man made color တွေ scent တွေ မပါလို့
ဘူးကလည်း plain ကြီးမို့ စွဲဆောင်မှု သိပ်မရှိပေမဲ့ တကယ် ကောင်းတာလေးပါ
သူနဲ့ရေချိုးပြီးရင်
ချွဲကျိကျိ ဖြစ်တာမျိုးလည်း မရှိပါဘူး
Body wash ကို အကြောင်း အမျိုးမျိုးကြောင့်
Chemical နည်းတာ ခပ်ပျော့ပျော့မျိုးဘဲ သုံးချင်တာဆိုရင် လုံးဝ အရွေးမမှားဘူးနော်
10/09/2026
Instock 💙
10/09/2026
အသားလေး စိုအိပြီး ဖြူစေတဲ့ lotion လေးနဲ့
အနံ့လေးကလည်း နှင်းဆီနံ့သင်းသင်းလေး
Diliraba ကြော်ငြာတာလေးပါ
China ပြည်တွင်း နာမည် ကြီးတဲ့ brand လေး
လိမ်းပြီးရင် ကပ်စေးစေးမဖြစ်ဘူး
၇ရက်သေချာလိမ်းပြီးရင်ကို အသားလေး နုအိလာတာ သိသာစေတယ်
သေချာလေး လိမ်းပေးရင် အသားတကယ်ဖြူဝင်းလာစေတယ်
10/09/2026
Today အဝင်လေးတွေပါ ရှင့်🙆♀️
နေ့တိုင်းတော့ အသစ်တွေဝင်တာမို့ pageလေးကို like&followလေးလုပ်ပေးထားကြပါနော်🥰
အကြိုက်တွေ့ရင်လည်းဈေးလေးတွေကိုအားမနာတမ်းလာမေးလို့ရပါတယ်ရှင့်😍
10/09/2026
Set လိုက်မှ သုံးချင်တဲ့ သဲလေးတို့အတွက်
345 mist 60ml,100ml
345 cream
345 Serum
မင်မင်တို့ဆိုင်မှာ instock အစုံပြန်ရောက်ထားပါပီရှင့်🙆♀️
#𝗦𝗸𝗶𝗻𝗜𝘀𝗜𝗻
📌 Dr . Althea 345 relief cream ဆိုတာ ကောင်းပြီဆို သူမှ သူပဲ။ ပြတ်လို့ကို မရဖူး။
✨ Oily skin မှာကအစ လိမ်းရင်း စေးကပ် လေးလန်တာ လုံးဝမရှိဖူး။
➡️ဘာကောင်းသလဲဆို Moisturizer တန်းကိုမှ treatment အမျိုးအစား recovery cream ပေါ့။
✅ ဝက်ခြံရှိနေလို့ပဲ ဖြစ်ဖြစ် ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ နီမြန်း ရောင်ရမ်းတာ , အမာရွတ် အမည်းစက် နဲ့ အားနည်း ပါးခြောက်နေတဲ့ skin condition ကို တစ်ပြိုင်တည်း ထိန်းပေးတဲ့ ကောင်။
‼️ ဘာမှ မဖြစ်တဲ့ ကျန်းမာတဲ့ skin မှာ အညွှန်း များလို့ , review ကောင်းလို့ဆိုပြီး သွားမလိမ်းနဲ့ ။ အခမသင့်ရင် အဖုဗြုတ်စိတွေ ထလာမယ်။
✅ Treatment လိုအပ်တဲ့သူမှ result ပြပါမယ်နော်။
▫️ သူ့ကို သုံးမယ်ဆို skincare skincare steps တွေ လျော့သုံးရင်ကောင်းမယ်။ ( Cleanser + hydrating toner + 345 cream + Sunscreen) ဆိုရင် လုံလောက်ပြီ။
▫️💦 Mist ဆိုရင်လဲ calming , soothing အားအရမ်း ကောင်းတယ်။ အဖုတွေ နီကျိန်းစပ် ဆူကြွနေတာ ဖြစ်ဖြစ် , မျက်နှာနီလွယ် , အသားခြောက်စပ်လွယ်ရင် ဒါလေးပဲ ဖြန်းလိုက်။ တကယ်ကို အိုကေပြီ စိုပြေပြီ။
💡အသားရေ ကျန်းမာဖို့က အသားထဲ ရေဓာတ်မျှတ လုံလောက်ဖို့က စတာပါ။
✅ For all skin types ကိုမှ skin condition အားနည်းနေရင် သုံးသင့်ပါတယ်။
🫶🏻 တစ်ခုခုသိချင်တာရှိ Cmt မှာ စာချန်ခဲ့နော်။ ကောင်းသောညပါဗျာ။
09/09/2026
💟💖Mermaid vibes လေးနဲ့ အရမ်းလှနေတဲ့ Dasique Twinkle Mermaid Collection လေး Stock ရောက်ထားပြီနော်!
🐚✨ Packaging က shell လေးတွေမို့ တကယ်ကို Aesthetic ဖြစ်လွန်းလို့ အိတ်ထဲဆောင်ထားရုံနဲ့တင် mood တက်စေတာမျိုးပါနော်🧚♀️🧚🧚♀️
(2) မျိုးလုံးက Texture အေးအေးလေးနဲ့ အသားထဲ စိမ့်ဝင်လွယ်စေတယ်...
🤍 Aqua Shell Sun Cream
-ရေဓာတ်ပြည့်ဝပြီး Tone up လေးပါတာမို့ မျက်နှာလေးကို တစ်ဆင့်လင်းသွားစေတယ်
-လိမ်းလိုက်ရင် မပြာဘူး၊ မညိုဘူး... Natural Glow လေး ရစေမှာပါ
🌞နေလာင်ဒါဏ်လည်းအပြည့်အဝကာကွယ်ပေးတယ်နော်
🩷 Glowy Shell Base
-လိမ်းလိုက်ရင် ပုလဲရောင် Glow လေးနဲ့ Glass Skin look လေး ရစေတယ်
-Makeup မလိမ်းခင် Base အနေနဲ့သုံးရင် မိတ်ကပ်သားကို ပိုပြီး တောက်ပစေတယ်ရှင်ရယ်
လှလည်းလှ၊ Quality လည်း အရှယ်မို့ မြန်မြန်လေး Grab ထားမှ စိတ်ချရမယ်နော်! 🐚💖
09/09/2026
အရမ်းလှလို့ ရွေးရခက်နေပြီ
Dasique ရဲ့ souffle color pot
အသဲပုံ ဥလေးတွေ ❤️
သူလေးက ပါးနီရော နှုတ်ခမ်းနီရော
သုံးလို့ရတယ်
အိတ်ထဲ ထည့်သွားလို့ အရမ်းကိုမှ အဆင်ပြေတဲ့ size
သေးသေး ကျစ်ကျစ်လျစ်လျစ်လေးနဲ့
ထုတ်ဆိုးတဲ့အခါလည်း အရမ်း မိမိုက် 😍
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Corner Of 25th & 83rd Street
Mandalay
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |