အညာမြေ Myeik Authorize Reseller

အညာမြေ Myeik Authorize Reseller

Share

မင်္ဂလာပါ🤎
ရွှေညာမြေ မှာယူလိုပါက
☎️ 09684934493/ viber မှာယူပေးပါ

10/03/2026

ဘေဘီလေး ရမြန်ဖို့

ရက်ပိုင်းနဲ့ကလေးရမြန်စေတဲ့

ရွှေညာမြေ + ရှဉ့်မတတ်ယို

အားပေးသူကာကာများလဲ သာယာပျော်ရွှင်တဲ့

မိသားစုဘဝလေး အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေရှင့်🫶❤️


#ကလေးရလွယ်ဆေး
#သားအိမ်အားဆေး

❤️

#ရွှေညာမြေ

Photos from အညာမြေ Myeik Authorize Reseller's post 15/02/2026

ကလေးလိုခြင်သူများ လုံးဝကျော်မသွားပါနဲ့❌❌
🌡 သန္ဓေတား6ဆးတွေ အသုံးများပြီး ကလေးရဖို့ခက်ခဲးနေလား🤗

🌡 အမျိုးသားရေားအမျိုးသမီးရေား ဘာရောဂါမှမရှိပဲ ကလေးရဖို့ခက်ခဲးနေလား🤰🤰🤰

👩‍💼အိမ်ထောင်သက်တမ်းကြာပြီး ခုချိန်ထိ ကလေးမရသေးတဲ့ မေမေလောင်းများတွက်သတင်းကောင်းလေးလာပါပြီ🤰

ဟော့ဒီက တစ်ပင်တိုင်မြနန်းယိုလေးကို မနက်တစ်ကြိမ် ညတစ်ကြိမ် စားပေယုံနဲ့ Baby လေး🤰ရလာသူ တွေ ရှိပါပီ🤰

သိသူတွေကတော့ စားကုန်ပြီ မသိသူတွေကတော့ကျော်သွား🤑

ဒါပေမယ့် အမျိုးသားမှာတခြားချို့ယွင်းချက် အမျိုးသမီးမှာ တခြားချို့ယွင်းချက်ရှိရင် ယိုလေးစားယုံနဲ့မရပါ😗

အမှန်တကယ် Baby လေးလိုခြင်သူများသာ ဝယ်ယူစားသုံးရန်🤗🤗🤗

ပျို/အို မရွေး အမျိုးသမီးတိုင်းသုံးစွဲနိုင်တဲ့ မီးယပ်သွေးဆုံးမဖြစ်ခြင်း နှင့် သားအိမ်ကင်ဆာရောဂါမှ ကွယ်ပေးခြင်း နှင့် မီးယပ်ထုံကျင်ကိုက်ခဲ အမျိုးသမီးများ
သွေးချုပ်လေချုပ်အောင်ခြင်းမှကင်းဝေးရန်။

#ရွှေညာမြေ တစ်ပင်တိုင်မြနန်းယို #ရန်ကုန်ကိုယ်စားလှယ် #မြို့နယ်စုံအိမ်အရောက်ငွေချေရ
09684934493

13/02/2026

ကိုယ်ဝန်ဆောင်ချိန်မှာ Ultrasound ရိုက်ဖို့ ဘာကြောင့် တကယ်လိုအပ်တာလဲ? 🤰

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အာထရာဆောင်း (Ultrasound) ရိုက်ရတာဟာ ကလေးလေးကို ကြည့်ချင်ရုံတင် မဟုတ်ပါဘူး။ မေမေနဲ့ ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက် အခုလို အရေးကြီးတဲ့ အချက်တွေရှိလို့ ဖြစ်ပါတယ် -

🔍 ရင်သွေးလေးရဲ့ ကြီးထွားမှုကို စစ်ဆေးပေးခြင်း
ကလေးရဲ့ အရွယ်အစား၊ ကိုယ်အလေးချိန်နဲ့ ဖွံ့ဖြိုးမှုအခြေအနေတွေဟာ ပတ်ရေအလိုက် ပုံမှန်ရှိမရှိကို အနီးကပ် စောင့်ကြည့်နိုင်ပါတယ်။

❤️ နှလုံးခုန်သံကို စေချာစေခြင်း
ရင်သွေးလေးရဲ့ နှလုံးခုန်သံ မှန်မမှန်နဲ့ နှလုံးကျန်းမာရေး ကောင်းမွန်ကြောင်းကို စစ်ဆေးပေးပါတယ်။

🧩 ချို့ယွင်းချက်များကို စောစီးစွာ သိရှိ
နိုင်ခြင်း
ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာ ဒါမှမဟုတ် ကိုယ်အင်္ဂါချို့ယွင်းချက်တွေကို ကြိုတင်သိရှိနိုင်ဖို့ ကူညီပေးတဲ့အတွက် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို စောစောစီးစီး ပြင်ဆင်နိုင်ပါတယ်။

📅 မွေးဖွားမယ့်ရက်ကို အတည်ပြုပေးခြင်း
ကိုယ်ဝန်အဆင့် ဘယ်လောက်ရှိပြီလဲနဲ့ ဘယ်နေ့ဝန်းကျင်မှာ မွေးဖွားမလဲဆိုတဲ့ Timeline ကို တိတိကျကျ သိရှိနိုင်ပါတယ်။

👶 ကလေးရဲ့ အနေအထားကို ကြည့်ရှုခြင်း
ကလေးက ခေါင်းနဲ့ဆင်းမှာလား၊ အကန့်လိုက်ဖြစ်နေတာလား ဆိုတဲ့ အနေအထားကို ကြည့်ပြီး သဘာဝအတိုင်းမွေးမလား၊ ခွဲမွေးရမလားဆိုတဲ့ အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်နိုင်ပါတယ်။

😊 မိဘနှင့် ရင်သွေးကြား သံယောဇဉ်တိုးစေခြင်း
ဒါကတော့ အပျော်ဆုံးအချက်ပါပဲ! မေမေနဲ့ ဖေဖေတို့ဟာ ရင်သွေးလေးရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ရတဲ့အတွက် ကလေးလေးနဲ့ ပိုမိုနီးစပ်သွားသလို ခံစားရစေပါတယ်။

✨ အာထရာဆောင်းရိုက်ခြင်းဟာ မေမေတို့ကို စိတ်အေးချမ်းမှု ပေးနိုင်သလို ဆရာဝန်တွေအတွက်လည်း မေမေနဲ့ကလေး နှစ်ဦးလုံးကို အကောင်းဆုံး ဂရုစိုက်ပေးနိုင်ဖို့ အများကြီး အထောက်အကူပြုပါတယ်နော်။ 💞
#ကိုယ်ဝန်ဆောင်ဗဟုသုတ #အာထရာဆောင်း

Photos from အညာမြေ Myeik Authorize Reseller's post 10/02/2026

ခလေးရဖို့ ခက်ခဲနေလား 🫶

အမျိုးသားဘက်က အားနည်းသည်ဖြစ်စေ
အမျိုးသမီးဘက်က အားနည်းသည်ဖြစ်စေ

အမျိုးသား သု-တ်ပိုးအားကောင်းဖို့
အညာမောင် ရှဉ့်မတတ်ယိုနဲ့

အမျိုးသမီး သား-အိမ်အားကောင်းဖို့
တပင်တိုင်မြနန်းယို။ စားပေးနိုင်ပါပီ

1️⃣ တွဲ 6️⃣8️⃣0️⃣0️⃣0️⃣


#တပင်တိုင်မြနန်းယို
#သားအိမ်အားကောင်းဆေး
#ရွှေညာမြေ

09/02/2026

သိန်းဆယ်ချီ အကုန်ခံပီး ကလေး ယူနေသယ်ဆို 🤭

96500 ပဲ အကုန်ကျခံပီး ယူကြည့်ပါ🤭

ဘေဘီလေး ရပါလိမ့်မယ်ရှင့်🤭
#09684934493

07/02/2026

အမျိုးသမီးတွေ အကြာကြီးစိတ်ပူနေရတဲ့🥲

👉 သားအိမ်အားနည်းတာ
👉 ရာသီမမှန်တာ
👉 သားဥမကြွေတာ
ဒီပြဿနာတွေကြောင့်

ကလေးလိုချင်ပေမယ့် မရနိုင်ခဲ့သူတွေ အများကြီးပါ 💔

မိခင်တစ်ယောက် ဖြစ်ချင်တဲ့ စိတ်က
အမျိုးသမီးတိုင်းရဲ့ အကြီးမားဆုံး ဆန္ဒပါ 🌸

ဒါပေမယ့်
❌ သားအိမ်အားနည်း
❌ ရာသီမမှန်
❌ သားဥမကြွ
ဒီအခက်အခဲတွေကြောင့်

ကလေးရဖို့ခက်ခဲးနေလား😔

Ogတွေပြတာလဲးဆုံနေပီ ✅

အားလုံး ကောင်းရဲ့နဲ့ ကလေးရဖို့ခက်ခဲးနေလား✅

အမျိုးသမီးတစ်ယောက်ရဲ့
ကျန်းမာရေးက သားအိမ်ပေါ်မှာ အခြေခံထားပါတယ် 🌸

သားအိမ်မှာ
ရေအိတ်၊ အသားလုံး စတဲ့ ပြဿနာတွေရှိရင်
ရာသီမမှန်၊ ကိုယ်ဝန်မရ စတဲ့ အခက်အခဲတွေ ဖြစ်နိုင်ပါတယ်

ဒါကြောင့်

🌿 တပင်တိုင် မြနန်းယို
အမျိုးသမီး သားအိမ်ကျန်းမာရေးကို
အထောက်အကူပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားပါတယ်
✔️ သားအိမ်အားကောင်းစေ
✔️ ရေအိတ် / အသားလုံးကြောင့် ဖြစ်တဲ့ လက္ခဏာတွေကို လျော့နည်းအောင် ကူညီပံ့ပိုးပေးသယ်
✔️ သားဥကြွေအားမြှင့်
✔️ ရာသီမှန်စေတယ်
💖 စားပြီး ကလေးရလာသူ 5️⃣0️⃣0️⃣ကျော် ရှိနေပါပြီ🫄

သင်လည်း နောက်တစ်ယောက်‌ေမ‌ေမဖြစ်နိုင်ပါတယ် 🫄

1လစာ 39500
2လစာ 79000ကျပ်

ဘေဘီလေး မြန်မြန်ရခြင် မှ လာမှာပေး🫄🫄

#ရွှေညာမြေ
#တပင်တိုင်မြနန်းယို
#09684934493

Photos from အညာမြေ Myeik Authorize Reseller's post 05/02/2026

သားအိမ်မှာ အလူံကြိတ်ရေအိတ်ရှိလို့

ကလေးရခက်နေရင် တပင်တိုင်မြနန်း အနီပါတဲ့

ဒီယိုလေးက ကူညီနိုင်ပါတယ်

Photos from အညာမြေ Myeik Authorize Reseller's post 05/02/2026

မရောင်းရဘူးလို့ဘယ်သူပြောသလဲ
တနေ့တနေ့ ပို့ရတဲ့ cus ordersတွေ
ပါစယ်တွေသာကြည့်တော့
ဆည်းလည်းလေးတွေမြန်မြန်ရကြပါစေ
ရွှေညာမြေမှာယူလိုပါက
09684934493မှာ မှာယူပေးပါနော်

05/02/2026

😢 မေမေငိုတဲ့အခါ ဗိုက်ထဲကရင်သွေးလေး ဘာတွေခံစားရသလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ပင်ပန်းလို့ပဲဖြစ်ဖြစ် မေမေတို့ ငိုမိတဲ့အခါ "ငါငိုလို့ ငါ့ကလေးလေး တစ်ခုခုဖြစ်မလား" ဆိုပြီး ပိုစိုးရိမ်တတ်ကြတယ်မလား? 🤰💔
မေမေတို့ရဲ့ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေက ဗိုက်ထဲက ရင်သွေးလေးအပေါ် အခုလို သက်ရောက်မှုရှိနိုင်ပါတယ် -
၁။ စိတ်ဖိစီးမှု ဟော်မုန်းများ (Stress Hormones):
မေမေ စိတ်ညစ်ပြီး ငိုတဲ့အခါ ခန္ဓာကိုယ်ထဲမှာ Cortisol လိုမျိုး စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပါတယ်။ အဲဒီထဲက အချို့ဟာ အချင်းကတစ်ဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်ပါတယ်။
၂။ ကလေးရဲ့ နှလုံးခုန်နှုန်း (Heart Rate):
မေမေ စိတ်လှုပ်ရှားနေချိန်မှာ ကလေးလေးရဲ့ နှလုံးခုန်နှုန်းကလည်း ခေတ္တခဏ မြန်လာတတ်ပါတယ်။ ❤️‍🩹
၃။ လှုပ်ရှားမှု အပြောင်းအလဲ (Movement):
မေမေ့ရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး ကလေးလေးက ပုံမှန်ထက် ပိုကန်တာမျိုး ဒါမှမဟုတ် ထူးထူးခြားခြား ငြိမ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ 👶
၄။ ရေရှည်အတွက် သတိထားရန် (Long-term Impact):
တစ်ခါတလေ ငိုတာက ပြဿနာမရှိပေမဲ့၊ ရေရှည် စိတ်ဓာတ်ကျတာနဲ့ စိတ်ဖိစီးမှုတွေက ကလေးရဲ့ ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
✨ ဒါပေမဲ့ စိတ်မပူပါနဲ့ မေမေတို့ရေ... ✨
ငိုပြီးသွားတဲ့အခါ စိတ်ကို ပြန်အေးအေးထားပြီး ဗိုက်လေးကို ပွတ်ပေးတာ၊ သီချင်းအေးအေးလေး ဆိုပြတာ ဒါမှမဟုတ် ကလေးကို စကားပြောပေးတာမျိုးက ကလေးလေးကို ပြန်လည်လုံခြုံသွားစေပါတယ်။
💖 အဓိကအချက်က -
မေမေတို့ ငိုမိတာဟာ အမှားမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ မေမေ စိတ်သက်သာရာရသွားဖို့က ပိုအရေးကြီးပါတယ်။ မေမေ စိတ်ပျော်မှ ကလေးလည်း ပျော်မှာပါနော်။ 💞
#ကိုယ်ဝန်ဆောင်ဗဟုသုတ #မေမေနှင့်ရင်သွေး
မေမေတို့ရော... ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအကြောင်းအရာတွေကြောင့် အငိုသန်ခဲ့ကြလဲ? Comment မှာ တခြားမေမေတွေကို အားပေးရင်း ဝေမျှခဲ့ပါဦးနော်။ 👇

Photos from အညာမြေ Myeik Authorize Reseller's post 03/02/2026

လိုချင်တဲ့ရင်သွေးလေးရဖို့ဆိုတာ

အမျိုးသား အမျိုးသမီး နစ်ဦးလုံးနဲ့ဆိုင်တာမို့ ပြိုင်တူကြိုစားကြပါ

အတွဲလိုက်စားသူတွေက ပိုမြန်ကြတယ်

တလစာတတွဲ 96500kyats ပါ

မှာယူရန်

#တပင်တိုင်မြနန်းယို
#အမျိုးသမီးကျန်းမာရေး
#ကလေးရမြန်ဖို့
#ဖုန်း09684934493

19/01/2026

ကလေးလေးမှာ မွေးရာပါချို့ယွင်းချက် တွေ မပါအောင်လုပ်နည်း..............
တချို့ကလေးတွေ မွေးလာရင် နှုတ်ခမ်းကွဲ အာခေါင်ကွဲတို့၊ ကျောရိုးမှာ အပေါက်ကြီးနဲ့လို့ တွေ့ဖူးကြမလားမသိ။ ဒါတွေဟာ မွေးရာပါချို့ယွင်းချက်တွေပေါ့။ ကလေးမွေးပြီးလို့ ထွက်လာရင် ပြောတတ်ကြတာက ယောကျာ်းလေးပါ ဒါမှမဟုတ် မိန်းကလေးပါ။ ကိုယ်လက်အင်္ဂါစုံပါတယ်လို့ ပြောမှ ဟင်း ချနိုင်ကြတာပါ။ မိဘတွေ အနေနဲ့လည်း ကလေးက ချို့ယွင်းချက်လေးတွေ ပါလာရင် စိတ်မကောင်းဖြစ်ကြသလို သက်တမ်းစေ့မှ နေရပါ့မလားလို့လည်း စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေမှာ မွေးရာပါချို့ယွင်းချက် မပါအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးပါမယ်။

မွေးရာပါချို့ယွင်းချက် ဆိုတာ
မွေးရာပါ ချို့ယွင်းချက်တွေမှာ တချို့က teratogenလို့ ခေါ်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်တာပါ။ Teratogenထဲမှာ ဓာတုပစ္စည်းတွေ၊ ဆေးတွေ၊ ရောဂါပိုးမွှားတွေ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မွေးရာပါ ချို့ယွင်းချက်တွေက အကုန်လုံးကို ကာကွယ်လို့ ရချင်မှ ရမှာပါ။ ဒီချို့ယွင်းချက်တွေထဲက ၄-၅ ရာခိုင်နှုန်းက teratogenတွေကြောင့် ဖြစ်တာပါ။ ဒါတွေကို ရှောင်နိုင်ရင် ကလေးကို ချို့ယွင်းချက်မပါအောင် ကာကွယ်လို့ ရပါတယ်။

မွေးရာပါချို့ယွင်းချက် တွေကို ကာကွယ်ဖို့
မေမေတို့ အနေနဲ့ ကလေးတွေကို ခြေစုံ လက်စုံမွေးလာချင်တယ်။ ကျန်းမာစေချင်တယ်ဆိုရင် သေချာ ဂရုစိုက်ပေးရမှာပါ။ ဘယ်အချိန်ကတည်းကလဲဆိုရင် ကိုယ်ဝန်ဆောင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်တည်းကပေါ့။ ကိုယ်ဝန် ပထမ ၃လက အနုနယ်ဆုံးအချိန်ပါ။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေ တစ်ခုပြီး တစ်ခု စဖြစ်နေတဲ့ အချိန်ပေါ့။ အဲ့ဒီအချိန်မှာ တစ်ခုခု ချွတ်ချော်သွားခဲ့ရင် ချို့ယွင်းချက်လေးတွေ ပါလာနိုင်ပါတယ်။

မေမေတော်တော်များများက ကိုယ်ဝန်ရှိလို့ ကိုယ်ဝန်လာအပ်ရင် ၃လတို့ ၄လတို့ ဖြစ်နေပါပြီ။ အဲ့ဒီအချိန်မှာ ဆရာမတို့က ဆောင်ရန် ရှောင်ရန်တွေကို မှာလိုက်ပေမယ့် စိတ်ထဲမှာလည်း ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရပါပြီ။ နုနယ်တဲ့အချိန်ကို ကျော်လာပြီကိုး။ ဒီတော့ ကိုယ်ဝန်ဆောင်မယ့် မေမေတွေကို မှာချင်တာလေးတွေ ရှိပါတယ်။

ကြိုစီစဉ်ပါ။
ကလေးယူမယ်လို့ စီစဉ်ထားရင် အနည်းဆုံး ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂရမ်ကို နေ့တိုင်းသောက်ပေးပါ။ လေ့လာချက်တွေအရ ကိုယ်ဝန်မဆောင်ခင် အနည်းဆုံး တစ်လလောက် ကြိုသောက်ထားရင် ကလေးမှာ မွေးရာပါ ဦးနှောက်မဖွံ့ဖြိုးတာတို့၊ ကျောရိုးဟနေတာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်တဲ့။ နောက်ပြီး ကိုယ်ဝန်ယူမယ်ဆုံးဖြတ်ထားရင် သားဖွားဆရာဝန်နဲ့ ကြိုအပ်ထားပါ။ ကိုယ်ဝန်မရှိခင်ထဲက ကြိုအပ်ထားရင် သူက ဆောင်ရန် ရှောင်ရန်တွေ ပြောပြပြီး လိုအပ်တဲ့ ဆေးတွေ ပေးပါလိမ့်မယ်။ ဒါက ကိုယ့်အတွက် ပိုစိတ်ချရပါတယ်။ ကိုယ်ဝန်ရှိရင်လည်း စောစောသိနိုင်ပါတယ်။

အန္တရာယ်များတာတွေကို ရှောင်ပါ။
အန္တရာယ်ဆိုတာ ခုနကပြောတဲ့ Teratogenတွေပါပဲ။

အရက်
အရက်က ကိုယ်ဝန်ချိန်မှာ ဘယ်လောက်ဖြစ်ဖြစ် အန္တရာယ်ပါပဲ။ ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ချလက်ချ သောက်လို့ရတဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။ အရက်သောက်တတ်ရင် ကိုယ်ဝန်ယူမယ်လို့ စဉ်းစားထားကတည်းက ဖြတ်လိုက်ဖို့ အကြံပေးလိုပါတယ်။ အရက်က ချက်ကြိုးကတဆင့် ကလေးဆီရောက်ပြီး fetal alcohol syndromeလို့ ခေါ်တဲ့ ရောဂါစု ဖြစ်တတ်လို့ပါ။

ဆေးလိပ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်လည်း မသောက်ပါနဲ့။ ဆေးလိပ်ငွေ့လည်း မရှူမိပါစေနဲ့။ ဆေးလိပ်မှာပါတဲ့ ဓာတ်တွေက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကို ဖြစ်စေပါတယ်။

မူးယစ်ဆေး
ကိုယ်ဝန်ကြီးနဲ့ မူးယစ်ဆေးမသုံးဘူးလို့ ယူဆပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာ မူးယစ်ဆေးသုံးမိလျက်သားကြီး ဖြစ်နေတတ်ပါတယ်။ ma*****na အပါအဝင် တခြား မူးယစ်ဆေးတွေက မွေးရာပါ ချို့ယွင်းချက်အပြင် လမစေ့ ပေါင်မပြည့်ဘဲ မွေးတာကိုပါ ဖြစ်စေပါတယ်။

ရောဂါပိုးမွှားများ
ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ဝန်ယူဖို့ ပြင်နေတဲ့သူတွေက နေမကောင်းတဲ့ သူနားကို မကပ်ပါနဲ့။ အထူးသဖြင့် ဖျားပြီး အနီစက်ထွက်၊ နှာရည်ယိုနေတဲ့ ကလေးတွေနားပေါ့။ ကလေးတွေမှာ ရေကျောက်တို့၊ ဝက်သက်တို့၊ ဂျိုက်သိုးတို့ ဖြစ်နေရင် ကိုယ်ဝန်သည်ကို ကူးပြီး ဗိုက်ထဲက ကလေးဆီရောက်တတ်ပါတယ်။ အမေက ပြဿနာ မရှိပေမယ့် ကလေးက မွေးရာပါ နားမကြားတာ၊ မျက်လုံးမမြင်တာတွေ ဖြစ်တတ်ပါတယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်မေမေ ကြောင်အသစ်မမွေးပါနဲ့။ အိမ်မှာရှိပြီးသားကြောင်နဲ့ လက်ပွန်းတတီးနေတာ၊ ကြောက်ချေးကိုင်တာ စတာတွေလည်း ရှောင်ပေးပါ။ ကြောင်ချေးမှာပါတဲ့ Toxoplasmaလို့ ခေါ်တဲ့ ကပ်ပါးကောင်က ကလေးကို ဒုက္ခပေးပါလိမ့်မယ်။

အပူတက်ခြင်း၊ အဖျားကြီးခြင်း
ကိုယ်ဝန်ဆောင်မေမေ ကိုယ်အပူချိန်မတက်ပါစေနဲ့။ ရေပူထဲမှာ အကြာကြီးစိမ်တာမျိုး မလုပ်ပါနဲ့။ ဖျားရင်လည်း မြန်မြန်သက်သာအောင် လုပ်ပါ။ အမေကိုယ်အပူချိန်တက်တာက ကလေးမှာ ကျောရိုးပွင့်ပြီး အာရုံကြောထွက်တဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။

ကျန်းမာရေးကို ဂရုစိုက်ပါ။
ဆီးချို
advertisement icon
Advertisement
ကိုယ့်မှာ နဂိုတည်းက ဆီးချိုရောဂါရှိတယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြပြီး ဆီးချိုကောင်းအောင် ထိန်းပါ။ ဒါမှ ကလေးကို ထိခိုက်နိုင်ချေ နည်းမှာပါ။

ကိုယ်အလေးချိန်
အဓိကကတော့ အဝလွန်နေတာပေါ့။ အဝလွန်နေတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ရင် မွေးရာပါချို့ယွင်းချက်ပါလာဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ်ဆို အရင်ဆုံး ကိုယ်အလေးချိန်လျှော့ပါ။ သင့်တော်တဲ့ ကိုယ်အလေးချိန်ရောက်မှ ကိုယ်ဝန်ယူတာက အမေအတွက်ရော ကလေးအတွက်ရော ကောင်းပါတယ်။

ဆရာဝန်နဲ့ အမြဲမပြတ်တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်တစ်ယောက်က အရင်လို ဆေးကို လွတ်လွတ်လပ်လပ် သောက်လို့ မရတော့ပါဘူး။ တချို့ဆေးတွေက သာမန်လူတွေ သောက်ရင် ပြဿနာ မရှိပေမယ့် ကိုယ်ဝန်ဆောင်တွေအတွက် teratogenဖြစ်တတ်ပါတယ်။ ဒါဆို ကလေးမှာ ချို့ယွင်းချက်ဖြစ်လာမှာပါ။ အကောင်းဆုံးက ကိုယ်ဝန်ယူမယ်လို့ စီစဉ်ထားရင် သောက်လက်စဆေးတွေ သားဖွားဆရာဝန်ကို ယူသွားပြပါ။ သူကကြည့်ပြီး မတည့်တာတွေ လဲပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ နေမကောင်းလို့ တစ်ခုခုသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်တာ ပိုကောင်းပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်မသောက်ပါနဲ့။ နေမကောင်းလို့ ဆေးခန်းပြရင်လည်း ကိုယ်ဝန်ယူဖို့ စီစဉ်ထားတယ်။ ကိုယ်ဝန်ရှိတယ် စသဖြင့် ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဆေးရှောင်ပေးလို့ရမှာပါ။

နောက်တစ်ခုက ဓာတ်မှန်ပါ။ ကိုယ်ဝန်ဆောင်တွေကို တော်ရုံတန်ရုံ ဓာတ်မှန်ရိုက်ပေးလေ့မရှိပါဘူး။ ဒီဓာတ်မှန်ရောင်ခြည်က ကလေးကို ထိခိုက်တတ်လို့ပါ။ ဒါကြောင့် ဆေးစစ်ရင်း ဓာတ်မှန်ရိုက်ဖို့ လိုအပ်လာရင် ဆရာဝန်ကို ကိုယ်ဝန်ဆောင်ဖို့ လုပ်ထားတယ်။ ကိုယ်ဝန်ရှိနေတယ် စသဖြင့် ကြိုပြောပါ။ မဖြစ်မနေ ရိုက်ကို ရိုက်မှ ဖြစ်မယ့် အနေအထားဆိုရင်တော့ ဗိုက်ကို ကာပြီး ရိုက်ပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်ဟာ မိသားစု အသစ်ဝင်ကို ကြိုဆိုတဲ့ကာလဖြစ်လို့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီမိသားစုဝင်လေး ကျန်းကျန်းမာမာမွေးလာမှာကိုလည်း အားလုံးက မျှော်လင့်နေမှာပါ။ ဒါကြောင့် နုနယ်တဲ့ ကိုယ်ဝန်လေးကို အစစအရာရာ သတိကပ်ပြီး ဂရုစိုက်ဖို့ မမေ့ပါနဲ့။


#အမျိုးသမီးကျန်းမာရေး #တပင်တိုင်မြနန်း #ရန်ကုန်

Want your business to be the top-listed Beauty Salon in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myeik