Fresh Up Myanmar

Fresh Up Myanmar

Share

Premium and Natural Toothpaste ပရီမီယံနှင့် သဘာဝ သွားတိုက်ဆေး။

28/07/2026

သွားတိုက်ဆေးကို မတီထွင်မီက ခံတွင်းထိန်းသိမ်းတဲ့ လျှို့ဝှက်ချက်ကတော့ သဘာဝကရတဲ့ အပင်ထွက်ပစ္စည်းတွေပဲဖြစ်ပါတယ်။

🦷အသက်တွေကြီးတဲ့အထိသွားနဲ့ သွားဖုံးတွေကျန်းမာ သန့်ရှင်း ခိုင်ခံ့စေမယ့် ဓာတုကင်းစင်တဲ့ သဘာဝအာနိသင်ကို အခုခေတ်မှာရနိုင်ပါဦးမလားလို့ စဉ်းစားမိ နေရင်တော့ပူဒီနာနဲ့ အော်ဂဲနစ်ပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ Fresh Up က အဖြေပါပဲ။

🌿 သဘာဝဖော်မြူလာအပြင်ခေတ်မီနည်းစနစ်အတိုင်း မျှတတဲ့ Fluorideပမာဏလည်းပါဝင်ပြီး သွား ကြွေလွှာကိုအားဖြည့်ပေးပါတယ်။ မိသားစုတစ်ခုလုံးရဲ့ ခံတွင်းကျန်းမာရေးကို သဘာဝအတိုင်း နူးညံ့စွာစောင့်ရှောက်ဖို့ Fresh Up ကို ရွေးချယ်လိုက်ပါ။

24/07/2026

မင်္ဂလာရှိသော ဝါတွင်းအခါသမယဖြစ်ပါစေကြောင်း Fresh Up မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်🙏🏻

အလှူအတန်းတွေပြုလုပ်ကြတဲ့ လမြတ်ဝါဆိုကာလမှာ ကျန်းမာခြင်းကို ဂါဝရပြု လှူဒါန်း ပူဇော်လိုက်ပါ။ ဆရာတော် သံဃာတော်များ ကျန်းမာစိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ဖို့ သင်္ကန်းပရိက္ခရာ တွေအပြင် နေ့စဉ်အသုံးဝင်မယ့် Fresh Up Extra Cool ကိုပါ ဝါတွင်းလှူဖွယ်များထဲမှာ ထည့်သွင်း လှူဒါန်းကာ မွန်မြတ်ပြီး လက်တွေ့ကျတဲ့ နေ့စဉ်သုံး ကျန်းမာရေးအလှူတစ်ခုကို ပြုလုပ်လိုက်ပါ...

16/07/2026

🥱လေးလံထိုင်းမှိုင်းတတ်တဲ့ မနက်ခင်းတွေကို လန်းဆန်းတက်ကြွမှုနဲ့အစားထိုးဖို့ Fresh Up Gel Extra Cool ရှိနေပါပြီ❕

🌿မိုးအုံ့ပြီး အိပ်ရာထဖို့ခက်ခဲတဲ့ ဇူလိုင်လရဲ့ မနက်ခင်းတွေမှာ သဘာဝပူဒီနာပါဝင်တဲ့ သွားတိုက်ဆေးလေးက သွားတိုက်လိုက်တာနဲ့ တစ်ပြိုင်နက် အာရုံကြောလေးတွေကို အေးမြလန်းဆန်း နိုးကြားစေနိုင်ပါတယ်။

Fresh Up နဲ့အတူ တစ်နေ့တာကို ယုံကြည်မှုအပြည့်နဲ့ စတင်လိုက်ရအောင်!

09/07/2026

👶🏻🦷ကလေးတို့ရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးမှာ အဓိကကျတဲ့ စကားလုံးလေးကို ပဟေဠိ ဉာဏ်စမ်းအနေနဲ့ ယူဆောင်လာပါပြီရှင်။

💡ပုံမှာပြထားတဲ့ စာလုံးလေးတွေကတော့ Fresh Up Kids သွားတိုက်ဆေးထဲမှာပါဝင်တဲ့ ကလေးတို့ သွားပိုးစားခြင်းကို အထိရောက်ဆုံး တားဆီးပေးပြီး သွားလေးတွေကို ကြံ့ခိုင်စေဖို့ ကာကွယ်ပေးတဲ့ ပါဝင်ပစ္စည်းလေးပဲဖြစ်ပါတယ်။

🌿ဒီကွက်လပ်တွေထဲမှာ လိုနေတဲ့အက္ခရာလေးတွေကို ပြန်စီထည့်ပြီး သားသား မီးမီးတို့ကို သွားကျန်းမာရေးအကြောင်း သင်ပေးရင်း Comment မှာ ဖြေလိုက်ရအောင်နော်။

26/06/2026

📆၂၀၂၆ ခုနှစ်ရဲ့ တစ်ဝက်ကိုရောက်ရှိလာပြီဆိုတော့ သွားနှင့် ခံတွင်းကျန်းမာရေးကို စစ်ဆေးဖို့အချိန်ပဲပေါ့။

🦷Fresh Up က မိသားစုထဲက ကလေးလူကြီးအားလုံးရဲ့ နေ့စဉ်ခံတွင်းကာကွယ်မှုကို တာဝန်ယူပေးနေပါတယ်။ အပြုံးလေးတွေ ပိုမိုကြံ့ခိုင်ကျန်းမာစေဖို့အတွက်က နေ့စဉ်စောင့်ရှောက်မှုအပြင် တစ်နှစ် (၂)ကြိမ် ပုံမှန်ပြုလုပ်သင့်တဲ့ Dental Checkup လည်း လိုအပ်တာကြောင့် နှစ်တစ်ဝက်မှာ သွားဆရာဝန်နဲ့ စစ်ဆေးပြသဖို့ သတိပေးနှိုးဆော်လိုက်ပါတယ်နော်။

၂၀၂၆ ရဲ့ ကျန်ရှိတဲ့ နေ့ရက်တွေမှာလည်း Fresh Up နဲ့အတူ ယုံကြည်မှုအပြည့်ရှိတဲ့အပြုံးလေးတွေနဲ့ ဆက်လက်ချီတက်လိုက်ရအောင်!

19/06/2026

🔆တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက် အိပ်ရာကနိုးထလာချင်းမှာ သွားတိုက်သန့်စင်ခြင်းဟာ ပထမဆုံးလုပ်နိုင်တဲ့ Self-care လေးပါပဲနော်။

🌿Fresh Up Gel Extra Cool က သာမန်သွားတိုက်ဆေးတစ်ခုတင်မဟုတ်ဘဲ သဘာဝပူဒီနာနဲ့ တစ်နေ့တာလုံးအတွက် ယုံကြည်မှုအပြည့်ရှိတဲ့အပြုံး၊ လန်းဆန်းသင်းပျံ့တဲ့ ခံတွင်းရနံ့ကို ပေးစွမ်းနိုင်ပါတယ်။ မျှတတဲ့ Fluoride ပမာဏက သွားတွေကို ကြံ့ခိုင်စေပြီး ရေရှည်အတွက်လည်း ခံတွင်းကျန်းမာရေးကို စိတ်ချစေပါတယ်။

တစ်နေ့တာအတွက် Self-care အနေနဲ့ မနက်ခင်းတိုင်းမှာ Fresh Up ရဲ့ အေးမြလန်းဆန်းမှုနဲ့ စတင်လိုက်ပါ✨

13/06/2026

ကျန်းမာလှပတဲ့အပြုံးတစ်ခုကို ပိုင်ဆိုင်ဖို့က ရှုပ်ထွေးတဲ့အဆင့်တွေ အများကြီး မလိုတော့ပါဘူး။
ရိုးရှင်းပြီး ထိရောက်တဲ့ ဒီအလေ့အကျင့် (၃) ခုကို မဖြစ်မနေ ထည့်သွင်းလိုက်ပါ။

🪥 တစ်နေ့ (၂) ကြိမ် သွားတိုက်ပါ
မနက်ခင်းနဲ့ ညအိပ်ခါနီးမှာ Fresh Up Gel Extra Cool နဲ့ အနည်းဆုံး (၂) မိနစ် သွားတိုက်ပေးပါ။ တိကျတဲ့ Fluoride ပမာဏက သွားကြွေလွှာကို အားဖြည့်ပေးပြီး သဘာဝပူဒီနာက ခံတွင်းကို အေးမြလန်းဆန်းစေပါတယ်။

🦷 သွားပွတ်ကြိုး သုံးပါ
သွားပွတ်တံ မရောက်နိုင်တဲ့ သွားကြားက အစားအစာအကြွင်းအကျန်နဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ တစ်နေ့တစ်ကြိမ် သွားပွတ်ကြိုး အသုံးပြုပေးပါ။

🧁 အချိုလွန်ကဲတာတွေ လျှော့ပါ
ဂတ်စ်ပါတဲ့ အချိုရည်တွေနဲ့ သကြားဓာတ်များတဲ့ အစားအစာတွေဟာ သွားကြွေလွှာကို တိုက်ရိုက်ပျက်စီးစေတတ်လို့ တတ်နိုင်သမျှ လျှော့စားပြီး ရေများများသောက်ပေးပါ။

ရိုးရှင်းတဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့အတူ Fresh Up Gel Extra Cool ကို တွဲဖက်လိုက်တဲ့အခါ သွားနှင့် ခံတွင်းကျန်းမာရေးအတွက် စိတ်ချနိုင်ပါပြီနော်😉

07/06/2026

🏫 ကျောင်းဖွင့်ရာသီမှာ ကြိုတင်ပြင်ဆင်ကြတဲ့အခါ သားသားမီးမီးတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းကျန်းမာရေးကလည်း အရေးအကြီးဆုံးအချက်တစ်ခုပါပဲ။

🦷 ကလေးတို့ရဲ့ သွားသေးသေးလေးတွေအတွက် သွားပိုးစားခြင်း၊ သွားကိုက်ခြင်းဝေဒနာတွေဝေးပြီး စာသင်ခန်းမှာ အာရုံအပြည့်စိုက်နိုင်စေဖို့ Fluoride ပါဝင်တဲ့ Fresh Up Kids သဘာဝဖော်မြူလာက ကာကွယ်ပေးနိုင်ပါတယ်။

🪥သားသားမီးမီးတို့ရဲ့ အပြုံးလေးတွေအတွက် နေ့စဉ်လုပ်ငန်းဆောင်တာအနေနဲ့ သွားတိုက်ခြင်းကို Fresh Up Kids နဲ့အတူ အလေ့အကျင့်လေးလုပ်ပေးထားလိုက်ရအောင်။

25/05/2026

🌿Fresh Up Gel Extra Cool က သင့်ခံတွင်းနံ့ကို လန်းဆန်းစေတဲ့ သွားတိုက်ဆေးတစ်ခုထက် ပိုပါတယ်။

🦷Fresh Up မှာ သဘာဝပါဝင်ပစ္စည်းတွေကို နူးညံ့တဲ့ဖော်မြူလာနဲ့ ထုတ်လုပ်ထားတာကြောင့် သွားတွေကို သန့်စင်ပေးတဲ့အပြင် Fluoride လည်း ပါဝင်လို့ သွားကြွေလွှာကို အားဖြည့်ကာ ကြံ့ခိုင်ကျန်းမာစေပါတယ်။

ခံတွင်းရနံ့လန်းဆန်းစေဖို့သာမဟုတ်ဘဲ သင့်သွားများကို ရေရှည်ကာကွယ်ဖို့အတွက်ဆို Fresh Up Gel Extra Cool ကို ရွေးချယ်လိုက်ပါရှင်။

20/05/2026

🦷သွားနဲ့ခံတွင်း ကျန်းမာရေးက ရာသီဥတုနဲ့လည်း ဆက်စပ်နေပါတယ်နော်။

အပူရှိန်ကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ရုံတင်မကဘဲ ခံတွင်းခြောက်သွေ့တာတွေပါ ဖြစ်တတ်ပါတယ်။ ခံတွင်းခြောက်သွေ့တဲ့အခါ ဘက်တီးရီးယားတွေ ပွားများလာပြီး အနံ့ဆိုးထွက်ခြင်းနဲ့ သွားပိုးစားခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင်တာကြောင့် -

💧ရေများများသောက်ပါ
🪥Fresh Up နဲ့ ပုံမှန်သွားတိုက်ပါ။

နွေရာသီကို ရေဓာတ်ပြည့်ဝခြင်းနဲ့အတူ Fresh Up Gel Extra Cool သဘာဝပူဒီနာရဲ့ အေးမြလန်းဆန်းမှုနဲ့ အန်တုလိုက်ရအောင်✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30