Skin 101 by Dr. Kaung Myat

Skin 101 by Dr. Kaung Myat

Share

Your Beauty is my Masterpiece!

31/08/2026

Skin Barrier ဆိုတာ အိမ်တစ်လုံးရဲ့ အုတ်တံတိုင်းကြီးလိုပါပဲ။ အုတ်တံတိုင်းပြိုသွားရင် အပြင်က ရန်သူတွေ လွယ်လွယ်ဝင်လာနိုင်သလို၊ Skin Barrier ပျက်သွားတဲ့အခါ အသားအရေက အထိမခံနိုင်လောက်အောင် Sensitive ဖြစ်လာပြီး ယားယံနီမြန်းတဲ့ သံသရာထဲ ရောက်သွားတတ်ပါတယ်။

ဒီဆိုးရွားတဲ့ သံသရာထဲကနေ ရုန်းထွက်ပြီး ပျက်စီးသွားတဲ့ Skin Barrier ကို အချိန်တိုအတွင်းအမြန်ဆုံး ပြန်လည်တည်ဆောက်ဖို့ ဒီအချက် (၅) ချက် ကို သေချာလေး ဂရုစိုက်လုပ်ပေးဖို့ လိုပါမယ်။

၁။ 🚫 လှုံ့ဆော်မယ့်အရာတွေ အကုန်ချက်ချင်းရပ်ပါ (Stop Irritants) အရေပြားကို ဒုက္ခပေးနိုင်တဲ့ Active Ingredients တွေအားလုံးကို လုံးဝ ရပ်လိုက်ပါ။

Exfoliating Acids တွေဖြစ်တဲ့ AHA, BHA (Glycolic, Salicylic)

Retinol နဲ့ Vitamin C

မျက်နှာတိုက်ပွတ်ဆပ်ပြာ (Scrubs)

ရေမွှေး (Fragrance) နဲ့ Essential oils ပါတဲ့ Skincare တွေကို ခဏနားပြီး အသားအရေကို Reset ချပေးပါ။

၂။ 🔍 တရားခံကို ရှာပါ (Identify Triggers) တစ်ခါတလေ ကိုယ်အမြဲသုံးနေကျ Niacinamide လိုမျိုး နာမည်ကြီးဓာတ်တွေကလည်း အချိန်ကြာလာတာနဲ့အမျှ အရေပြားကို Sensitive ဖြစ်စေတတ်ပါတယ်။ ကိုယ့်မျက်နှာကို အဓိက ပြဿနာပေးနေတဲ့ တရားခံ Skincare ကို ရှာဖွေပြီး ဖယ်ထုတ်လိုက်ပါ။

၃။ 🧼 အနူးညံ့ဆုံး မျက်နှာသစ်ဆေးကို ပြောင်းသုံးပါ (Gentle Cleanser) အမြှုပ်ထွက်နည်းပြီး pH မျှတတဲ့အပြင် အမွှေးနံ့လုံးဝမပါတဲ့ (Fragrance-free) မျက်နှာသစ်ဆေးမျိုးကို ရွေးချယ်ပါ။ (ဥပမာ - Cetaphil Gentle Cleanser, CutaPro Gentle Cleanser, Bioderma Sensibio Gel Moussant တို့လို Skin Barrier ကို မထိခိုက်စေတဲ့ အမျိုးအစားတွေက အသင့်တော်ဆုံးပါပဲ)။

၄။ 💧 ပြန်လည်တည်ဆောက်ပါ (Rebuild Phase) အရေပြားအုတ်တံတိုင်းကို ပြန်လည်တည်ဆောက်ဖို့နဲ့ ယောင်ရမ်းမှုကို လျှော့ချဖို့အတွက် သင့်တော်တဲ့ Serum ဒါမှမဟုတ် Essence တစ်ခုခုကို သုံးပေးပါ။

Centella, Panthenol (Vit B5), Bisabolol (ရောင်ရမ်းမှု သက်သာစေရန်)

Ceramides, Fatty Acids (အရေပြားအတားအဆီး ပြန်လည်ဖြည့်တင်းရန်)

၅။ 🔒 အစိုဓာတ်ကို ဖြည့်စည်းပြီး နေကာခရင်မ် လိမ်းပါ (Occlude & Protect)

ညဘက်မှာ - အရေပြားထဲက အစိုဓာတ်တွေ ပြန်မထွက်သွားအောင် Pure Petrolatum (Vaseline) အပါးလေးလိမ်းပြီး သော့ခတ်ပါ (Slugging Method)။ ဒါမှမဟုတ် La Roche-Posay Cicaplast, Avene Cicalfate လိုမျိုး Barrier Repair Cream လေးတွေ သုံးပေးလို့ ရပါတယ်။

နေ့ဘက်မှာ - ဇင့်အောက်ဆိုဒ် (Zinc Oxide) ပါဝင်တဲ့ Physical Sunscreen ကို မဖြစ်မနေ လိမ်းပေးပါ။ Zinc ဟာ နီမြန်းယောင်ရမ်းမှုကို အမြန်ဆုံး လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

📌 အရေးကြီးတဲ့ အချက် ဒီလမ်းညွှန်ချက်အတိုင်း စိတ်ရှည်ရှည်နဲ့ သေချာဖြတ်သန်းကြည့်ပါ။ လမ်းတစ်ဝက်မှာ စိတ်မရှည်ဘဲ တခြား Active တွေ ပြန်ထည့်သုံးမိရင် Skin Barrier နောက်တစ်ခါ ပြန်ပျက်စီးသွားတတ်လို့ သတိထားပေးပါ။

ကိုယ့်လိုမျိုး အသားအရေ Sensitive ဖြစ်ပြီး ဒုက္ခရောက်နေတဲ့ သူငယ်ချင်းတွေ သိသွားအောင် ဒီ Post လေးကို Save လုပ်ပြီး Share ပေးနိုင်ပါတယ်။ 👇

30/08/2026

Skincare လောကမှာ လူသိနည်းပေမယ့် (Underrated ဖြစ်ပေမယ့်) ထူးခြားတဲ့ "Azelaic Acid" အကြောင်း ပြောပြပေးချင်ပါတယ်

✨ Azelaic Acid ရဲ့ ကောင်းကျိုးများ

၁။ ဝက်ခြံအတွက်ကောင်းမွန်မှု 🦠 ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယား (Cutibacterium acnes) ကို တိုက်ရိုက်သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ ချွေးပေါက်ပိတ်ဆို့ခြင်း ကိုအတိုင်းအတာတစ်ခုထိ ကာကွယ်ပေးပြီး အသားအရေကို ပြန်လည်ချောမွေ့စေပါတယ်။

၂။ နီမြန်းခြင်ကို သက်သာစေခြင်း 🍃 Anti-inflammatory (ယောင်ရမ်းမှုကို သက်သာစေတဲ့) အာနိသင် အပြည့်အဝပါဝင်လို့ မျက်နှာနီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေကို လျင်မြန်စွာ သက်သာစေပါတယ်။ Sensitive Skin ရှိသူတွေနဲ့ Rosacea လို့ခေါ်တဲ့ မျက်နှာနီမြန်းတတ်တဲ့ဝေဒနာရှင်တွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

၃။ အမဲစက်နဲ့ တင်းတိပ် (Melasma) များအတွက် ✨ ဝက်ခြံပျောက်ပြီး ကျန်ခဲ့တဲ့ ညိုညစ်ညစ် အမာရွတ်တွေ၊ နေရောင်ကြောင့်ဖြစ်တဲ့ နေလောင်အမဲစက်တွေနဲ့ ကုသရခက်တဲ့ တင်းတိပ်သမားတွေမှာပါ ပါးလျစေပြီး အသားအရေကို ညီညာကြည်လင်လာစေပါတယ်။

၄။ ကိုယ်ဝန်ဆောင်မိခင်များအတွက်ပါ 100% ဘေးကင်းခြင်း 🤰 ကိုယ်ခန္ဓာထဲ စုပ်ယူမှုနှုန်း အလွန်နည်းပါးတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ဆယ်ကျော်သက်တွေပါ ဘေးကင်းစွာ သုံးစွဲနိုင်ပါတယ်။ (ဒါဟာ တခြား Skincare တော်တော်များများမှာ မတွေ့ရတဲ့ အကြီးမားဆုံး အားသာချက်ပါပဲ!)

💡 မှန်ကန်စွာ အသုံးပြုနည်း လမ်းညွှန် (Pro Tips)

• ဖြည်းဖြည်းချင်း စသုံးပါ: ပထမအပတ်မှာ တစ်ပတ်ကို (၁) ကြိမ် သို့မဟုတ် (၂) ကြိမ်သာ ညဘက်မှာ စမ်းသုံးကြည့်ပါ။ အသားအရေနဲ့ အဆင်ပြေသွားရင် လိုအပ်ချက်ရှိရင်နေ့စဉ် သုံးနိုင်ပါတယ်။

• ပါဝင်တဲ့ % အလိုက် တနေ့ (၁-၂) ကြိမ်အထိ သုံးနိုင်ပါတယ်: မနက်ပိုင်းသုံးရင် Sunscreen မဖြစ်မနေ လိမ်းပေးပါ။ ညဘက်သုံးရင် Moisturizer နဲ့ သေချာပြန်ပိတ်ပေးဖို့ မမေ့ပါနဲ့။

⭐ Bonus Tip: Azelaic Acid ထုတ်ကုန်တွေကို ရွေးချယ်တဲ့အခါ စေးကပ်ပြီး ကြမ်းတမ်းတဲ့ Texture မျိုးထက် စုပ်ယူမှုအားကောင်းပြီး ပေါ့ပါးတဲ့ (ဥပမာ - Hyaluronic Acid ပါဝင်တဲ့ Serum မျိုး) ကို ရွေးချယ်တာက သင့်အသားအရေအတွက် ပိုမိုသက်တောင့်သက်သာ ရှိစေမှာပါ။

26/08/2026

ငယ်ငယ်ကအသားဖြူပြီး ကြီးလာမှအသားမဲသွားတာဘာ့ကြောင့်လဲ?

24/08/2026

အလှအပဆိုင်ရာကုသမှုတွေမှာ "အများကြီး လုပ်လေ၊ ပိုကောင်းလေ" ဆိုတာ တကယ်မှန်လား? 🧐

Filler တွေ အများကြီးထည့်၊ Botox တွေ အများကြီးထိုးလိုက်မှ ပိုလှလာမယ်၊ ရလဒ်ပိုကြာကြာခံမယ်လို့ ယူဆနေလား?

သေချာလေ့လာဆန်းစစ်ကြည့်တဲ့အခါ ဒါဟာ မှားယွင်းတဲ့ ဈေးကွက်အယူအဆတစ်ခု သာ ဖြစ်ပါတယ်။ ❌

မျက်နှာရဲ့ သွေးကြော၊ ပြန်ရည်ကြော (Lymphatic) စီးဆင်းမှု၊ ကြွက်သားနဲ့ အဆီလွှာ ဖွဲ့စည်းပုံတွေက အရမ်းကို သိမ်မွေ့ပါတယ်။ လိုအပ်တဲ့ ပမာဏထက် ပိုပြီး (Over-treatment) ပြုလုပ်လိုက်တဲ့အခါ...

သဘာဝအလှတရားတွေ ပျောက်ဆုံးသွားပြီး မျက်နှာကြီး ဖောင်းအစ်နေတာမျိုး (Pillow Face) 🐡

ရယ်လိုက်ရင်တောင် ခံစားချက်မပေါ်တော့ဘဲ တောင့်တင်းနေတာမျိုး (Frozen Face) 🎭 တွေကိုသာ နောက်ဆက်တွဲ ခံစားရမှာပါ။

စစ်မှန်တဲ့ ဆေးပညာအရ "အတိကျဆုံး ဆေးပမာဏ (Precise Dosing)" ရဲ့ အရေးပါပုံ

🧬 အကောင်းဆုံး Aesthetic ရလဒ်ဆိုတာ ဆေးတွေ အများကြီး သွတ်သွင်းခြင်း မဟုတ်ပါဘူး။ ကိုယ့် မျက်နှာရဲ့ အချိုးအစားနဲ့ ကွက်တိကိုက်ညီမယ့် "အတိကျဆုံး ဆေးပမာဏ" ကို နေရာမှန်ကန်စွာ ထည့်သွင်းခြင်းသာ ဖြစ်ပါတယ်။

🏥 Skin 101 ဆေးခန်းမှာတော့ လူနာတစ်ဦးချင်းစီရဲ့...

✔️ မျက်နှာ အချိုးအစား (Proportions)

✔️ အရေပြား အထူအပါး (Skin Thickness)

✔️ ကြွက်သားလှုပ်ရှားမှု (Muscle Dynamics) စတာတွေကို အရင်ဆုံး စနစ်တကျ စစ်ဆေးကြည့်ရှုပါတယ်။

လူတဦးခြင်းစီရဲ့ မျက်နှာအနေအထားပေါ်မူတည်ချဉ်းကပ်မှု (Patient-First Approach) နဲ့ စနစ်တကျ ကုသမှသာ မျက်နှာတစ်ခုခု ပြင်ထားမှန်း မသိသာပေမယ့်၊ အရင်ကထက် အများကြီး ပိုမို ကြည့်ကောင်းသွားတဲ့ (Subtle yet Impactful) သဘာဝအကျဆုံး ရလဒ်ကို ဖန်တီးပေးနိုင်တာမျိုးပါ။ ✨

ဈေးကွက်လှည့်ကွက်တွေနဲ့ Over-treatment တွေကြောင့် မိိမျက်နှာရဲ့ မူလဟန်ပန် မပျက်စီးရလေအောင် Skin 101 ကို ဆက်သွယ်ပြသ Booking ယူပြီးဆွေးနွေးကြည့်နိုင်ပါတယ်။

Skin 101 Clinic (ကမ္ဘာအေး)
အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ 09961477888၊ 09777360240
တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

Skin 101 Clinic (မင်္ဂလာဒုံ)
အမှတ် ၁၅၆၊ ခရေပင်လမ်းခွဲ၊ မင်္ဂလာဒုံ Terminal M အနီး၊ ရန်ကုန်
ဖုန်း - 09 255 255 089၊ 09 955 955 089
ဗုဒ္ဓဟူးနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

24/08/2026

🌟 ဗီတာမင်စီ (Vitamin C) ကို အအေးမိ၊ နှာစေး သက်သာရုံမဟုတ်ပဲ Antioxidant အနေနဲ့သောက်သုံးသင့်လား?

တကယ်တော့ ဗီတာမင်စီ (Ascorbic Acid) ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး ဆဲလ်တွေကို အမြဲစောင့်ရှောက်ပေးနေတဲ့ "ကိုယ်ရံတော်" ပါ။ လေ့လာမှုအသစ်တွေအရ သိလာရတဲ့ ဗီတာမင်စီရဲ့ အခြားအစွမ်းသတ္တိတွေကို ကြည့်လိုက်ရအောင် 👇

🧬 (၁) လူတွေက ဗီတာမင်စီကို ကိုယ်တိုင် မထုတ်လုပ်နိုင်ပါဘူး?

နို့တိုက်သတ္တဝါ အများစုက သူတို့ဘာသာ ထုတ်လုပ်နိုင်ပေမဲ့၊ လူသားတွေမှာတော့ အဲဒီလိုထုတ်လုပ်ဖို့ လိုအပ်တဲ့ အင်ဇိုင်း (L-gulonolactone oxidase) မရှိပါဘူး။ ဒါကြောင့် နေ့စဉ် စားသောက်မှုကနေ မဖြစ်မနေ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

👉 တစ်နေ့တာ လိုအပ်ချက်: အမျိုးသမီးများ - 75 mg | အမျိုးသားများ - 90 mg

🛡️ (၂) ဆဲလ်တွေကို အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးတဲ့ (Antioxidant Shield)

ခန္ဓာကိုယ်ထဲက ပျက်စီးစေတတ်တဲ့ Free Radicals တွေကို တိုက်ထုတ်ပေးရုံတင်မကဘူး၊ ဆဲလ်အမြှေးပါးကို ကာကွယ်ပေးတဲ့ ဗီတာမင် E ကိုပါ မူလပုံစံအတိုင်း ပြန်လည်အသက်သွင်း (Regenerate) ပေးပါတယ်။ ကျွန်တော်တို့ရဲ့ DNA နဲ့ ပရိုတင်းတွေ မပျက်စီးအောင် အထူးကာကွယ်ပေးတာပါ။

🔥 (၃) ရောဂါပေါင်းစုံရဲ့ တရားခံ "ယောင်ရမ်းမှု" ကို လျှော့ချပေးခြင်း (Anti-inflammatory Power)

နာတာရှည် ယောင်ရမ်းမှုဆိုတာ ရောဂါဆိုးတွေရဲ့ အစပါ။ ဗီတာမင်စီက ယောင်ရမ်းမှုကို ဖြစ်စေတဲ့ ဓာတ်တွေကို လျှော့ချပေးပြီး၊ ယောင်ရမ်းမှု သက်သာစေတဲ့ ဓာတ်တွေကိုတော့ တိုးပွားစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ယောင်ရမ်းနာကျင်မှုတွေကို သိသိသာသာ သက်သာစေပါတယ်။

⚠️ (၄) လိုတာထက် ပိုသောက်မိရင် (သို့) ချို့တဲ့နေရင် ဘာဖြစ်မလဲ?

🔻 ချို့တဲ့ရင်: မောပန်းလွယ်တာ၊ အဆစ်အမြစ် နာကျင်တာ၊ သွားဖုံးသွေးယိုတာနဲ့ အလွယ်တကူ အညိုအမည်း စွဲတာတွေ ဖြစ်တတ်ပါတယ်။

🔺 လွန်ကဲရင်: တစ်နေ့ကို 800 mg ထက်ကျော်ပြီး အလွန်အကျွံသောက်ရင် ဗိုက်အောင့်၊ ဝမ်းလျှော၊ ဆီးကျောက်တည်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရေမှာ ပျော်ဝင်လွယ်လို့ ပိုလျှံတာတွေကို ဆီးနဲ့ ချွေးကနေတစ်ဆင့် ပြန်လည်စွန့်ထုတ်ပေးပါတယ်။ (သဘာဝ အစားအစာကနေ ရတာဆိုရင်တော့ စိတ်ပူစရာမရှိပါဘူး။)

💡 ဒါကြောင့် ဗီတာမင်စီပြည့်ဝတဲ့သဘာဝ အသီးအနှံတွေစားတာ (သို့) ဆရာဝန်ညွှန်ကြားထားတဲ့ ဗီတာမင်စီဖြည့်စွက်ပမာဏကို မှန်မှန်ကန်ကန် သောက်သုံးပေးတာမျိုးကအကျိုးကျေးဇူးရှိစေမှာဖြစ်ပါတယ်။

23/08/2026

💊 နေလောင်ကာ သောက်ဆေးတွေက တကယ်ပဲ အလုပ်လုပ်လား? Sunscreen သောက်ဆေးတွေမှာ ပါဝင်တဲ့ Polypodium Leucotomos လို Antioxidant တွေက နေရောင်ခြည် (UV) ကြောင့်ဖြစ်လာတဲ့ ဆဲလ်ပျက်စီးမှု (Free Radical Damage) ကို အတွင်းပိုင်းကနေ လျှော့ချပေးနိုင်တာ မှန်ပါတယ်။

⚠️ ဒါပေမယ့်... လုံးဝမေ့ထားလို့မရမယ့် အကန့်အသတ်တစ်ခုရှိနေပါတယ် ဆေးပညာအရ အတိအကျ တိုင်းတာကြည့်တဲ့အခါ ဒီသောက်ဆေးတွေရဲ့ နေလောင်ဒဏ် ကာကွယ်နိုင်စွမ်း (SPF Level) ဟာ 3 ကနေ 5 ကြားလောက်ပဲ ရှိပါတယ်။ ဒါဟာ ခရမ်းလွန်ရောင်ခြည်ကို ခုခံဖို့ မလုံလောက်တဲ့ပမာဏပါ

🛡️ ဘာလို့ လိမ်းဆေးက အစားထိုးမရတာလဲ? လိမ်းဆေး Sunscreen ကသာ အရေပြားအပေါ်ယံမှာ ခိုင်မာတဲ့ ဒိုင်းကာ (Barrier) အဖြစ် တည်ဆောက်ပြီး UV လှိုင်းတွေကို တိုက်ရိုက် ပိတ်ဆို့ (Block) တာ၊ စုပ်ယူချေဖျက် (Absorb) တာတွေ လုပ်ပေးနိုင်တာပါ။ ဒါကြောင့် သောက်ဆေးဟာ လိမ်းဆေးရဲ့ "အရန်အကူအညီ (Supplement)" သာဖြစ်ပြီး၊ ဘယ်တော့မှ "အစားထိုး (Replacement)" လုံးဝ မဖြစ်နိုငဘူးဆိုတာ Sharing ပြုလုပ်ပေးချင်ပါတယ်။

22/08/2026

ခန္ဓာကိုယ်မှာအမာရွတ်တွေဘာလို့ကျန်လဲ?
ကြက်သားစားလိုက်လို့ အမာရွတ်ဖြစ်သွားတယ်ဆိုတာ အမှန်လား?

20/08/2026

ဆံပင်ပါးတာအတွက် Finasteride 5mg ကို ခွဲခြမ်းပြီးသောက်လို့ရလား?

18/08/2026

မျက်နှာပေါ်က တင်းတိပ်တွေပျောက်ချင်ဇောနဲ့ ကြုံရာဆေးတွေလိမ်း၊ မလိုအပ်ဘဲ ပြင်းထန်တဲ့နည်းလမ်းတွေသုံးရင်း အသားအရေ ပိုပါးပြီး ပိုဆိုးသွားတဲ့သူတွေ အများကြီးပါပဲ။ တင်းတိပ်ဆိုတာ ချက်ချင်း "အမြစ်ပြတ်" ပျောက်သွားတဲ့ အရာမျိုးမဟုတ်ဘဲ၊ မှန်ကန်တဲ့နည်းလမ်းတွေကို ရေရှည်ထိန်းချုပ်ရမယ့် ပြဿနာတစ်ခုသာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပျက်အားငယ်စရာ မလိုဘဲ ရေရှည်မှာ ထိရောက်တဲ့ ရလဒ်ကို ရရှိစေမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ တင်းတိပ်ကို ပိုဆိုးစေတဲ့ အဓိကတရားခံများ 🔍

မျိုးရိုးဗီဇ (Genetics): မိသားစုထဲမှာ တင်းတိပ်ရှိသူရှိရင် မိမိမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

နေရောင်ခြည် (UV): နေပူထဲ အကာအကွယ်မပါဘဲ အထွက်များပြီး UV ဒဏ်ခံရခြင်း။

ဟော်မုန်းပြောင်းလဲခြင်း: သားဆက်ခြားသောက်ဆေးများ၊ ဟော်မုန်းပါသော သားအိမ်တွင်းထည့်ပစ္စည်း (IUD) များ သုံးစွဲခြင်း။

အပူဒဏ် (Heat): နေရောင်မထိဘဲ အိမ်ထဲမှာနေရင်တောင် မီးဖိုချောင်က အပူငွေ့တွေ၊ Hot Yoga နဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကနေထွက်တဲ့ အပူတွေကလည်း တင်းတိပ်ကို ပိုဆိုးစေပါတယ်။

၂။ ရိုးရှင်းပြီး ထိရောက်တဲ့ နေ့စဉ် Skincare Routine 🧴

🌞 မနက်ခင်း (Morning):

နူးညံ့တဲ့ Cleanser: အသားခြောက်တတ်ရင် မျက်နှာသစ်ဆေးမလိုဘဲ ရေအေးနဲ့သာ သစ်ပေးနိုင်ပါတယ်။

Serum: အမဲစက်မှေးမှိန်စေတဲ့ နူးညံ့တဲ့ Serum သုံးပါ။

Moisturizer & Sunscreen: အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ။ အရေးကြီးဆုံးက အပြာရောင်အလင်း (Blue Light) ကိုပါ ကာကွယ်ပေးနိုင်တဲ့ SPF 50 ပါဝင်တဲ့ Sunscreen ကို လိမ်းပေးပါ။

🌙 ညဘက် (Night):

Cleanser: ဖုန်နဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့ ညဘက်မှာတော့ မျက်နှာသစ်ဆေး မဖြစ်မနေ သုံးပါ။

Active Serum: အမဲစက်တွေကို ပိုမိုထိရောက်စွာ လျှော့ချပေးနိုင်မယ့် ပြင်းအားကောင်းတဲ့ Serum မျိုး သုံးနိုင်ပါတယ်။

Moisturizer: အရေပြားတံတိုင်း (Skin Barrier) ကို ပြန်လည်အားဖြည့်ဖို့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ။

(မှတ်ချက် - Skincare တိုင်းဟာ ၆ ပတ်ကနေ ၈ လအထိ အချိန်ယူ စွဲမြဲသုံးစွဲမှသာ သိသာတဲ့ရလဒ် ရနိုင်တာမို့ စိတ်ရှည်ဖို့တော့ လိုပါမယ်။)

၃။ လုံးဝရှောင်ရှားသင့်တဲ့ အမှားများ ⚠️

အိမ်သုံး Derma Roller များ: အရေပြားတံတိုင်းကို ဖျက်ဆီးပြီး တင်းတိပ်ကို ပိုဆိုးစေနိုင်တာမလို့ လုံးဝ မသုံးပါနဲ့။

ပြင်းထန်သော လေဆာများ: အရေပြားကို ကွာကျစေတဲ့ CO2 လို လေဆာမျိုးတွေဟာ တင်းတိပ်အတွက် အန္တရာယ်များပါတယ်။ တင်းတိပ်ကို ကုသဖို့ဆိုရင် အရေပြားမပွန်းပဲ့စေတဲ့ Q-switched Nd-YAG လို လေဆာမျိုးနဲ့သာ စနစ်တကျ ပြုလုပ်တာက အသင့်တော်ဆုံးပါ။

Chemical Peels: ဆဲလ်သေတွေ ဖယ်ရှားဖို့ ဆရာဝန်ညွှန်ကြားချက်နဲ့ ၁ လ သို့မဟုတ် ၂ လ ၁ ကြိမ်ပြုလုပ်လို့ရနိုင်ပါတယ်။

❤️ စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြည့်စွက်ချက်

တင်းတိပ်ဆိုတာ အရေပြားပြဿနာတစ်ခုသာဖြစ်ပြီး ကိုယ့်ရဲ့ တန်ဖိုးကို လျှော့ချနိုင်စွမ်း မရှိပါဘူး။ မိမိရဲ့ ပင်ကိုယ်အလှတရားဟာ အမြဲတမ်း တန်ဖိုးရှိပြီးသားဆိုတာလေးကိုလဲ အမြဲသိရှိယုံကြည်ထားဖို့တော့လိုအပ်ပါတယ်။

ဒီအချက်လေးတွေက ကိုယ့်အတွက် အကျိုးရှိစေတယ်ဆိုရင် တင်းတိပ်ကြောင့် စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေဆီကိုပါ မျှဝေပေးလိုက်ပါ။

16/08/2026

နှာတံလေးလဲပေါ်ချင်တယ်၊ ဒါပေမယ့် ခွဲစိတ်ရမှာလဲကြောက်တယ်?

ဒီလိုအခြေအနေမျိုးမှာ "Nose Filler လား? Nose Thread (ကြိုးထိုး) လား? ဘယ်ဟာက ကိုယ့်အတွက် ပိုကောင်းမလဲ?" ဆိုပြီး ဝေခွဲမရဖြစ်နေသူတွေအတွက် ဒီအလှအပဆိုင်ရာ ကုသမှုတွေအကြောင်းပြောပြချင်ပါတယ်။

တကယ်တော့ ဒီနှစ်ခုဟာ အားပြိုင်နေတဲ့ ပြိုင်ဘက်တွေ မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ နှာခေါင်းပုံစံနဲ့ မူလဖွဲ့စည်းပုံပေါ် မူတည်ပြီး ရွေးချယ်ရမယ့် မတူညီတဲ့ နည်းလမ်းတွေသာ ဖြစ်ပါတယ်။ နည်းလမ်းတစ်ခုချင်းစီရဲ့ ဆေးပညာဆိုင်ရာ အချက်အလက်တွေကို တိတိကျကျ လေ့လာကြည့်ရအောင်ပါ👇

💉 ၁။ Nose Filler (Volume & Contouring အတွက် အကောင်းဆုံး)

Premium Hyaluronic Acid (HA) ကို အသုံးပြုတာဖြစ်လို့ နှာခေါင်း တံတား (Bridge) နေရာကို လိုအပ်တဲ့ ထုထည် ဖြည့်တင်းရာမှာ အလွန်ထိရောက်ပါတယ်။

✅ မည်သူတွေအတွက် သင့်တော်သလဲ? မျက်လုံးနှစ်လုံးကြားက နှာတံ (Radix) အရမ်းနိမ့်နေသူတွေ၊ နှာခေါင်းရိုး အဖုအထစ် (Dorsal Hump) ရှိနေလို့ ပြေပြစ်ချောမွေ့သွားအောင် ဖုံးကွယ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။

🌟 ရလဒ် - သဘာဝကျပြီး နူးညံ့ပြေပြစ်တဲ့ နှာတံအသွင်ကို ရရှိစေပါတယ်။

🧵 ၂။ Nose Thread (Lifting & Definition အတွက် အကောင်းဆုံး)

ခွဲစိတ်ခန်းသုံး ကြိုး (PDO/PCL) တွေကို အသုံးပြုပြီး နှာခေါင်းအတွင်းမှာ အရိုးအဆောက်အအုံ (Scaffolding) လို တည်ဆောက်ပေးတာ ဖြစ်ပါတယ်။

✅ မည်သူတွေအတွက် သင့်တော်သလဲ? နှာခေါင်းထိပ် (Tip) ကို သိသိသာသာ ပင့်တင်ချင်သူတွေ၊ နှာတံကို ဘေးကားမထွက်ဘဲ ချွန်ချွန်သွယ်သွယ် (Sharp & Defined) လေး လိုချင်သူတွေအတွက် အကောင်းဆုံးပါ။ 🌟

ရလဒ် - နှာခေါင်းအောက်ခြေ ကြီးတာ၊ ပြန့်ကားတာတွေကို သွယ်လျသွားစေပြီး စမတ်ကျတဲ့ နှာတံလိုင်းကို ရရှိစေပါတယ်။

🤔 ဒါဆို ဆေးပညာအရ ဘယ်ဟာက ကိုယ့်အတွက် အသင့်တော်ဆုံးလဲ? လူတစ်ယောက်နဲ့တစ်ယောက် နှာခေါင်း ဖွဲ့စည်းပုံချင်း လုံးဝ မတူညီတဲ့အတွက် အဖြေကလည်း ကွဲပြားပါတယ်။ တချို့သူတွေမှာ နှာတံအတွက် Filler ကိုသုံးပြီး၊ နှာခေါင်းထိပ်အတွက် Thread (ကြိုး) ပေါင်းစပ်ကုသတာက အလှပဆုံးနဲ့ ပြီးပြည့်စုံတဲ့ ရလဒ်ကို ရရှိစေနိုင်တာမျိုးလဲရှိပါတယ်။

နှာတံနဲ့ ပတ်သက်ပြီး ယုံကြည်မှုအားနဲနေသူတွေအတွက် သင့်တော်နိုင်တဲ့ အလှအပဆိုင်ရာကုသမှုတွေလို့ပဲပြောပါရစေ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Kabaraye Pagoda Road
Yangon
11061

Opening Hours

Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00
Sunday 09:30 - 18:00