Brands Fever

Brands Fever

Share

One stop shopping service for brand lovers. (wholesale & retail)

06/08/2026

Green Tea လား White Tea လား
ကြိုက်တာသာရွေးလိုက်
တစ်ခုမှ 50000 ks ပဲ။

အနံ့ဆိုးထိန်းပေးသလို သူ့အနံ့ကလည်း စိတ်ကို ကြည်လင် လန်းဆန်းစေတဲ့ Cream deodorant လေးတွေနော်။

Waiting time 1 week ပဲ

05/08/2026

🍃 Elizabeth Arden Green Tea Honey Drops Body Lotion 500ml🍯

ရေချိုးပြီးတိုင်း အသားအရေကို နူးညံ့စိုပြေစေပြီး အနံ့လေးကလည်း Fresh & Relax ဖြစ်နေချင်ရင် တစ်ဘူးလောက် သုံးကြည့်ပါ။

Green Tea Extract နဲ့ Honey Drops ပါဝင်လို့ ရေဓာတ်ဖြည့်ပေးပြီး အသားအရေ ခြောက်သွေ့ကြမ်းတမ်းတာတွေကို သက်သာစေတယ်။

စေးကပ်မှုမရှိဘဲ အသားထဲ အလွယ်တကူ စိမ့်ဝင်ပြီး အသားလေးက ချောအိသွားလို့ အရမ်းကို မိုက်တာနော်။

🍃 Green Tea ရဲ့ Fresh Citrus ရနံ့လေးက နေ့လယ်ဘက်ပဲဖြစ်ဖြစ်၊ အိပ်ရာဝင်ခါနီးပဲဖြစ်ဖြစ် စိတ်ကို Relax ဖြစ်စေပြီး သန့်ရှင်းလန်းဆန်းတဲ့ Feeling ကို ပေးပါတယ်။

500ml - 108000 ks ပါ။

Official counter ပစ္စည်းမို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

Waiting time 1 week

04/08/2026

Lancôme Idôle Eau de Parfum

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လှပချင်တဲ့ အမျိုးသမီးတွေအတွက် ထုတ်ထားသလား ထင်ရတဲ့ရေမွှေးလေး။

Fresh floral scent လေးဖြစ်လို့ နေ့စဉ်ရုံးတက်၊ Date/ Dinner ပဲဖြစ်ဖြစ် အချိန်တိုင်း လိုက်ဖက်ပြီး သန့်ရှင်းသပ်ရပ်တဲ့ “Clean Girl” vibe ကို ပေးနိုင်ပါတယ်။

အနံ့က မပြင်းလွန်း၊ မချိုလွန်းဘဲ အေးအေးလေးနဲ့ Elegant ဖြစ်တာကြောင့် တစ်ခါဆွတ်မိသွားရင် ထပ်ခါထပ်ခါ လက်လှမ်းမိတဲ့ perfume လေးဖြစ်မှာ သေချာပါတယ်။

ပုံမှန်စျေး ၈ သိန်းကျော်ကို sale price 475000 ks ထဲနဲ့ ရပါမယ်။

Official counter ပစ္စည်းပဲ ရောင်းပါတယ်။

Waiting time 1 week ပါ။

04/08/2026

Luxury Skin Care Routine တစ်ခုရဲ့ အစက Cleanser ကောင်းကောင်းတစ်ခုပါ။

SK-II Facial Treatment Gentle Cleanser ကတော့ မျက်နှာကို သန့်စင်ပေးရုံတင်မကဘဲ၊ အသားအရေထဲက လိုအပ်တဲ့ Moisture ကို မဖယ်ရှားဘဲ သန့်စင်ပေးနိုင်တဲ့ Cleanser လေးပါ။

☁️ Creamy Foam လေးက Sunscreen၊ Makeup အကြွင်းအကျန်နဲ့ အညစ်အကြေးတွေကို နူးညံ့ညင်သာစွာ ဖယ်ရှားပေးတယ်။

🤍 ရေဆေးပြီးချိန်မှာ အသားအရေက သန့်စင်သွားပေမယ့် ခြောက်၊ ကြမ်းပြီးမကျန်ခဲ့စေဘူး။

SK-II ရဲ့ အထင်ကရ PITERA™ ပါဝင်လို့ အသားအရေကို ကြည်လင်စိုပြေပြီး Healthy Glow ရလာဖို့ ကူညီပေးပါတယ်။

အရေပြား အတွင်းပိုင်းထိ သန့်စင်ပေးတာမို့ အဆီဖုနဲ့ ဝက်ခြံတွေပါ သက်သာစေပါတယ်။

SK-II Essence မသုံးခင် ဒီ Cleanser လေးနဲ့ စတင်ပေးလိုက်ရင် Essence က ပိုပြီး အလုပ်လုပ်နိုင်တဲ့ Skin Condition ကို ဖန်တီးပေးနိုင်ပါတယ်။

New packaging က ပုံမှန် စျေး 380000 ကို double sale နဲ့ ရမှာမို့ 269000 ပဲ ကျတော့မယ်။

Waiting time 1 week ပဲနော်။

100% Authentic Singapore official counter ကပါ။

03/08/2026

Growell shampoo နဲ့ဆိုရင် ဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာတွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး။

ဆံသားကို အမြစ်ကနေစပြီး သန်စွမ်းစေပြီး ဆံပင်အသစ်တွေ ပြန်ပေါက်လာအောင် ကူညီပေးတာမို့ တစ်ဘူးလောက်တော့ စမ်းသုံးကြည့်ကြနော်။

Old version နဲ့ new version က packaging ပဲကွာပြီး formula က အတူတူပါ။

Old version 500ml - 90000 ks
New version 500ml - 100000 ks

Waiting time 1 week

31/07/2026

Lancome Clarific Double Essence
50ml
သူက အရင် Dual Essence ကို ပိုကောင်းတဲ့ formula နဲ့ အစားထိုးထားတဲ့ new version ပါ။

သူကို သုံးပြီးတာနဲ့ အသားအရောင် ညီလာမယ်၊ အသားအရေ ကြည်ပြီး ဖြူဝင်းလာမယ်။ ကျယ်နေတဲ့ ချွေးပေါက်တွေ ပြန်ကျဉ်းပြီး skin က အိအိလေးနဲ့ ဝင်းမွတ်လာမယ်။

မျက်နှာပေါ်က အမဲစက်တွေ၊ အသားအရောင် မညီတာတွေနဲ့ အမာရွတ် သက်သာချင်တဲ့သူဆို ဒါလေးကို သုံးကြည့်ပါ။

Full size 150ml က ၅သိန်းခွဲလောက် ရှိတာမို့ သူက 180000 ကျော် တန်တာကို clearance price 42500 နဲ့ ရပါမယ်။

Expiry 2/2027 ပါ

31/07/2026

Lancome Tonique Confort 125ml old version လေးတွေ နည်းနည်းရပါမယ်နော်။

တချို့က New version ကို အရည်ကျဲလို့ ဒီဟာလောက် မကြိုက်ကြတာမို့ old version လေး ရတုန်း ယူထားပါ။

သူက combination, normal to dry skin တွေတင်မကဘဲ sensitive skin တွေအထိပါ သုံးနိုင်ပါတယ်။

အရင်က 85000 ရောင်းတာကို အခုယူရင် 35000 ks အတိနဲ့ ရပါမယ်။

Expiry က 9/2026 ပါ

Photos from Brands Fever's post 21/07/2026

Glossier ရဲ့ G Suit Soft Touch lip cream လေးထဲက Lane ဆိုတဲ့ အရောင်လေး instock ရှိမယ်နော်။

ပုံမှန်က ဒီအရောက် 135000 လောက်ရှိတာ၊ sale ချတုန်းက ဝယ်ထားတာမို့ 79000 ks ထဲနဲ့ ရပါမယ်။

သူက soft matte finish မို့ တအားမခြောက်ဘဲ နေရတာ သက်တောင့်သက်သာရှိတယ်။

မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။

19/07/2026

Di⭕️r La Mousse Off/On cleanser

Makeup နဲ့ sunscreen တွေ၊ အဆီနဲ့ micro particles တွေကို 99% အထိ ဖယ်ရှားပေးနိုင်ပါတယ်။

Skin barrier ကို 24 နာရီထိ အားဖြည့်ပေးတဲ့အပြင် အစိုဓာတ်ကို 6 နာရီထိ ပြည့်ဝစေတာမို့ အသားအရေက ကြည်လင်ပြီး စိုအိလာစေပါတယ်။

ပုံမှန်စျေး 3သိန်းနီးပါး ဖြစ်နေပြီကို offer price 259000 ks နဲ့ stock ရှိသလောက် ရပါမယ်။

သူက ကောင်တာစျေးတော်တော်တက်တဲ့အပြင် ငွေစျေးပါ တအားတက်သွားတာမို့ သုံးနေကျသူဆို ယူထားနော်။

Instock မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။

Photos from Brands Fever's post 19/07/2026

Makeup by Mario Soft Pop Plumping Cream Blush

Healthy skin look ကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီ blush လေးက must-have ပါ။

Cream texture မို့ နူးညံ့ပြီး အရေပြားပေါ်မှာ အလွယ်တကူ blend လုပ်လို့ရပါတယ်။

Plumping effect ပါဝင်လို့ ပါးပြင်ကို fresh & youthful look ပိုရစေတယ်။

Dewy finish လေးနဲ့ natural look ရစေပြီး cakey မဖြစ်ဘူး။

Buildable formula ဖြစ်လို့ Natural look ကနေ Pop of color အထိ စိတ်ကြိုက်တင်လို့ရတယ်။

ပုံမှန်အချိန်ဝယ်ရင် 2သိန်းနီးပါး ပေးရတာကို set ထဲက ခွဲရောင်းတာမို့ 88000 ks ထဲနဲ့ ရပါမယ်။

Full size ကို ၉သောင်းတောင် မပြည့်ဘဲ ရမှာမို့ အရမ်းတန်ပါတယ်။

Instock မို့ တစ်ပတ်အတွင်ူ ပို့ပေးပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


830, Padamyar Street, 36 Ward, North Dagon Township
Yangon